ချောက်ခြားဖွယ် တိတ်ဆိတ်မှုက
ခေါင်းထဲ တဆစ်ဆစ်ထိုးကိုက်တယ်
စိတ်ကိုတွန်းဖွင့်လိုက်တော့
ပြင်ပ အထီးကျန်လေများ
ဒလဟော တွန်းထိုးဝင်လာကြ
ငြီးငွေ့ဖွယ် ဖက်တွယ်ခြင်းခံခဲ့ရတဲ့
ပူလောင်မှုများကြားမှ ပဲ့တင်သံ
လွတ်မြောက်ခွင့်ပေးပါ . . .
လွတ်မြောက်ခွင့်ပေးပါ . . .
လွတ်မြောက်ခွင့်ပြုပါ . . .
ငါ့အသံကိုမြင်လား ၊ ငါ့စကားကိုကြားလား
ငါ့တရားက ဓါးသွားတွေခွေလိပ်
ဓါးအိမ်ထဲပိတ်မိနေတယ် . . .
ဒုန်းစိုင်းပြေးနေတဲ့ ငါ့စိတ်မြင်းရိုင်းကို
ဘယ်လိုအလျင်နှုန်းနဲ့ချုပ်ကိုင်မလဲ
ပျံသန်းခြင်းဆိုင်ရာ သီဝရီတခုနဲ့လား
တောင်ပံရိုက်ချိုးခြင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့လား
ဥပါဒ် ၊ ဌီ ၊ ဘင်
ဥပါဒ် ၊ ဌီ ၊ ဘင်
ခင်ဗျားဖြစ်နေချိန်မှာ
ကျနော်ပျက်မယ်
ကျနော်ဖြစ်မယ့်အချိန်မှာ
ခင်ဗျားတို့ပျက်လိုက်ဦးပေါ့
ခရမ်းရောင်ပွ့င်လွှာရဲ့ အလယ်ဗဟိုချက်ကို
တဲ့တဲ့စိုက်ခဲ့တဲ့မြှားချက်ပဲ
ဒါပေမဲ့
ပစ်လိုက်တဲ့ ငါဟာ ပင်လယ်ဓမြ ဆန်တယ် ။ ။
ဖုန်းမြင့်
ကောင်းလိုက်တာဗျာ။
ReplyDelete"ဥပါဒ် ၊ ထီ ၊ ဘင်"တကယ့်ကိုမှန်ကန်မှုတွေကို ဖွင့်ဆိုတာပဲ။
ပင်လယ်ဓမြကြီးရေ... အနှေးပြမြင်ကွင်းလေး လာကြည့်ရှုသွားပါတယ်။
ReplyDeleteဘာမှလဲ မပြောတတ်တော့ပါဘူးနော်။
ခရမ်းရောင်ပွ့င်လွှာရဲ့ အလယ်ဗဟိုချက်ကို
ReplyDeleteတဲ့တဲ့စိုက်ခဲ့တဲ့မြှားချက်ပဲ
ဒါပေမဲ့
ပစ်လိုက်တဲ့ ငါဟာ ပင်လယ်ဓမြ ဆန်တယ် ။ ။
အဆုံးသတ်မှာ သက်ပြင်းတချက် အီလေးဆွဲ ချလိုက်မိတယ်
ဂွတ်ပ..။