Wednesday, April 4, 2012

ကျွန်မရဲ့ မာစတာကီး

ရှင့်ကို ကျွန်မချစ်တယ်ဆိုတာ လို ချင်တာထက်ပိုတယ်လို့ လို

ရှင်သိတယ်ဟုတ်?

ဝစ္စနှစ်လုံးပေါက်တွေဟာ လိုရာခရီးရဲ့ အပြီးသတ်အမှတ်တွေပဲလေ

အမှတ် A မှ အမှတ် B

အမှတ်ထိလား

မှတ်မိလား

(မမှတ်မိရင် ခရေပွင့်ထပ်တို့ဖို့ လိုမလား)

ကျွန်မကတော့ အမှတ်မရှိဘူး

သတ်မှတ်ချက်ဆိုတာ လူလုပ်တာပဲ

ဒါပေမယ့် လူလုပ်တဲ့အခါမှာ

သတ်မှတ်ချက်တွေကို မေ့လိုက်ပါလို့ ရှင်ပြောတယ်

ကျွန်မအတွက် နိဗ္ဗာန်ရောက်ကြောင်းတရားက 

ရှင့်ဆီမှာပဲ အဆင်သင့် ရှိတာ

ဖက်လှဲခြင်းတွေနဲ့ ရှင်ဟာ ကျွန်မရဲ့ Stairway to Heaven

ကျွန်မစွဲလမ်းမှုထဲ ငေါက်တောက်ပန်းထွက်နေတဲ့ တောင်ကျရေ

ကျွန်မကတော့ …

တောင်ကျချောင်းဘေး ရေဝင်ပြေးလှဲ့

ရေအေးကြည်စွာ ကန်ပိုင်မာသည်

ဘုံဝတိံသာ ခါခါပေလောပေါ့

ရှင်ကတော့ အမြဲပြောတယ်

နိဗ္ဗာန်ကိုမလိုဘူး ကြာသာပတေးကိုပဲ လိုတယ်

ရှင့်အတွက်တော့ ကြာသာပတေး ရင်ပြီးရော

အဟောသုခံ ချမ်းသာလေစွ

သွင်းကုန်လည်း ဒါပဲ ထုတ်ကုန်လည်း ဒါပဲ

ဒါပေမယ့်  သွင်းမကုန် ထုတ်မကုန်

ရှေ့ရေး နောက်ရေး လည်း တွေးမပူဘူး

ဘာလာလာ ဒေါင်းတယ်ဟုတ်?

သားဆုပန် ကျွန်မအတွက် ရှင်က ဆုကြီးပန်ချစ်သူ

အတော်ဆိုပေမယ့် အဆိုတော်မဖြစ်တဲ့ ကျွန်မ

ဘာကီးနဲ့ ဆိုသလဲ ဆိုတော့ မာစတာကီး

ဘဝရဲ့ ရေဆိုးမြောင်းတွေကို ရေစီးရေလာကောင်းစေသူကြီးငဲ့!

ဒီမှာ ကျွန်မကြယ်သီးတွေ မီးဝင်းဝင်းတောက်နေပြီ

ရေဆင်းပေါက်ကို လွှတ်လိုက်ပါတော့

 

သိုးထိန်း(အန္တိမ)

Sunday, January 29, 2012

`ခွတ်ဒေါင်းဩဘာစာ´ (မဟာကဗျာလေးချိုးကြီး)



                                      


 ပြည်ဗဟို . . . .ချီ , အေးစေဖို့
ညီသကို . . .နီ, သွေးတွေနဲ့
ဒီမိုကရေစီ   ဒီအရေး
ဟစ်ကြွေးမဆုံး ကမ္ဘ္ဘ္ဘ္ဘာအသိပါကွဲ့  ခေါင်းမငိုက်ပါဘု သောင်းထိုက်ခေါ်
ရှစ်လေးလုံး ဇာတိမဟာနဲ့ ကျောင်းတ၀ိုက်က ဒေါင်းတစ်သိုက်မော် ။

မြန်မာပြည်ဆိုတာ . . .
လောင်းနိမိတ်ချွေ  ကောင်းဟိတ်တဝေေ၀နဲ့  ဒေါင်းတံဆိပ်အမေပါဘဲ
အစဉ်အလာကောင်းတဲ့  မင်္ဂလာဒေါင်းရဲ့    သားတွေမို့
ချောင်းရှိရင်  ရေရှိသလိုပ
ကျောင်းရှိရင်  သမဂ္ဂရှိရမယ်တဲ့
ကျောင်းသားလွှတ်တော်မှာ  အကောင်းစားအထွဋ်အမော်တွေ
မင်းကို . . .နိုင်တဲ့  မင်းကိုနိုင်  ကိုကိုကြီးတို့အပြင်
အသွင်ညီ  ဂျင်မီ ခေါ် ကျော်မင်းယုနဲ့
အဖော်တစ်သင်းစုလိုက်တော့ . . .
ကိုမြအေး   ကိုဌေးကြွယ်
လိုသမျှ  အရေးဆို  သွေးမငယ်ခဲ့ပါဘူး
ဘုန်းတမိုမိုချဲ့   နှစ်ဆ , တိုးအောင်
ပြုံးချိုနဲ့  လှမျိုးနောင်တို့ပါ ၊ ၀ိုင်းခဲ့  သိုင်းခဲ့ကြ
သမိုင်းတဲ့ပါနော် . . . (အိုကွယ်)
တိုင်းနဲ့ကမ္ဘာကျော် ။

သောင်းထိုက်အဇဠာမြေ  ချက်ဗွေစွန်းဆီက
ဒေါင်းတစ်သိုက်လာပလေ   တက်နေ၀န်းကဲ့သို့ , မူအတိအကျ
လူရှိသမျှ  အယူသိကြပါတယ်
သူရိယ  ဆိုတာ  ဒေါင်းပါပဲ
မလျှော်မကန်  စနစ်ဟောင်းအသွင်ကို
တော်လှန်ခေတ်ပြောင်း အမြင်နဲ့ , အကြောင်းခံ
မကောင်းမှန်ရင်  ဗြောင်းဆန်အောင်  ဒေါင်းအလံလွှင့်ခဲ့ပေါ့
လွတ်ကြောင်းဓမ္မံ  မေတ္တာအပြည့်နဲ့
ခွတ်ဒေါင်းသရဏံ  ဂစ္ဆာမိကြပါစို့
မပြတ်စေတနာဆော်လို့  အမှုမပျက်ယွင်း
မြတ်ဆွေသဟာဖေါ်တို့  တုဖက်ကင်း ။


သံသရာသည်ပျက်မဆုံး   ဇန္န၀ါရီ တစ်ဆယ့်သုံးမှာပေါ့
ကံသမ္ဘာရည်  တက်အပြုံးတွေနဲ့  ပြန်လာပြီ  စက်ဘုန်းခေါင်ကျော့
သရက်မှာ  ရက်ကြာကြာထွက်ခဲ့တာတောင်
မျက်နှာ  မသက်မသာ  တစ်ချက်တစ်ခါ  မပျက်ခဲ့ပါဘု
ဒေါင်းအလံ  ဒေါင်းအရိပ်အောက်မှာ
ဒေါင်းမာန်  ဒေါင်းစိတ်မပျောက်ခဲ့
အကျိုးကုဋေ  အမွန်အထူး  ခေါင်းအထက်မှာနော်
အိုးဝေ  တွန်ကျုး  ဒေါင်းငှက်အော်မတဲ့
အပေါင်းအများကို  ဒေါင်းစကား  ဒေါင်းတရားပါးရင်း
သရက်အောင်လံ  ပြည်ခရီးတလျောက် , မငြိုမငြင်ပြန်
ဟို . . ယခင်စံလို  အပိုအသွင်ဟန်နဲ့  ဗိုလ်ဝင်ခံတာ မဟုတ်
ပြည်သူနဲ့အတူဝေ  ပြည်သူနဲ့အတူကြွေမယ့်သူတွေ
ပြည်သူ့ခံစားမှုနဲ့ မခြားမယွင်းမလပ်
ပါးခြင်းအပ်  ဖ၀ါးခြင်းထပ်ခဲ့
အော်   ဘာမထီ ဒေါင်းအဖော်အားတွေနဲ့
အာဇာနည်  ကျောင်းတော်သားတွေကွဲ့
လေချိုချို  ပြည်(ပြေ) ဗဟိုအတွင်းမှာကွယ်
အို . . . ရွှေကိုယ်တစ်သင်းဟာ   နေလိုလင်း




                                                                                 သစ္စာနီ
                                                                         ဇန္န၀ါရီ  ၂၀၁၂
                              (မင်းကိုနိုင်၊ကိုကိုကြီး၊ဂျင်မီနဲ့တစ်ကွ   ၈၈ မျိုးဆက်ကျောင်းသားအားလုံးသို့)

Monday, June 6, 2011

သွေးခြောက်ခြား လေခြောက်ခြား

ဘယ်လမ်းက သွားသွား ဟင့်အင်း ကိုပဲ ရောက်မယ့် ၊၊

မြေပုံလမ်းညွှန်တွေ လေထဲ လွင့်နေတယ် ၊၊

ဒါပေမယ့် ကျွန်မကလေထဲ လွင့်နေတဲ့ ၊၊

အနီရောင်တွေ နဲ့ ၊၊

အကြောင်းအမျိုးမျိုး တွန့်ကြေနေ ၊၊

ထဘီ ပါးပါးတစ်ထည်ဟာ (စိတ်) ချောက်ချား (သွေးလေ) ဖို့ ၊၊

ဆက်တင်တွေရောရောထွေးထွေး ၊၊

ချောင်ပိတ်ခိုင်းစေနေတယ် ၊၊ သွေးတွေ လေထဲလွင့်နေတယ် ၊၊

အဲ့ဒီနောက်ပိုင်း ငါ သွေးတွေကို ကြောက်နေတယ် ၊၊

ငွေ သား တွေ ငွေ သား တွေ ၊၊

သူတို့ ငါ့ကို ခိုင်းစေဖို့ လည်ပတ်နေတာ ၊၊

ချောင်းကြည့်ပေါက်အဖျားမှာ ၊၊

ပေးနိုင်သမျှ ခပ်များများ သွေး တွေ ၊၊

သူတို့မြင်တာနဲ့ ငါဟာ မူးမေ့ရတာနဲ့ ၊၊

ရူဆေးဘူးလေး ပြေးယူ ရတာနဲ့ ၊၊

ကျွန်မလေ(အ)ကြောင်းတိုက်ဆိုင်မှုရှိတိုင်း ၊၊

မလွမ်းတတ်တော့ခက်တယ် ၊၊

နံရံတွေ မှာ အပေါက်တွေမှာ အလင်းရောင်တွေမှာ စီးကျလာနေတာ သွေးတွေ ၊၊

ကဲကိုကဲတယ် ၊၊

မိန်းမတစ်ယောက်ရဲ့ ပုခုံးကို ဖက်မိခဲ့တုန်းက ငါခံစားခဲ့ရတာ သွေးတွေ ၊၊

ကီးခလုတ်တွေထိစမ်းရုံ ၊၊

အပြင်အဆင်တွေ ၊၊

ရိုးအီလာယုံလေး သွေးတွေ မရှိတော့ရင် ၊၊

ငါ့ကြောက်လန့်နေမှု ကို ဘာနဲ့ အာသာဖြေမလဲ ၊၊

အာသာ ဆိုတာ ခံစားမှုကို ကျော်ဖြတ်တာ ၊၊

မရှိတော့အောင် စွမ်းဆောင်တာ ၊၊

ဒါဟာလက်ညှိုးဖျားလေးတွေနဲ့ ၊၊

ဟုတ်ချင်တယ် ဟုတ်မယ် ၊၊ မဟုတ်ချင်လည်း မဟုတ်ဘူးလို့ ခင်ဗျားတို့ ၊၊

ဘာသာ ၊၊

သက်သက် ၊၊

ငှက်တွေး တွေးလေ ၊၊

ဖုန်များ ၊၊

လို့ ခင်ဗျားတို့ ပြောမယ် သွေးတွေ ၊၊

အပေါက်ပေါက်နေတဲ့ နံရံတွေ ၊၊

လိုက်ကြည့်ကြည့် ၊၊

ရှာကြည့်ကြည့် ၊၊

ချောင်းကြည့်ကြည့် ၊၊

လာကြည့်ကြည့် ၊၊

တနင်္ဂနွေဘ၀ ၊၊

အပြင်မှာ မိုးတွေရွာနေတယ် ၊၊

သွေးတွေ ၊၊

အဲဒါ ငါပေါ့ ၊၊

ရှင့်ကို သတိရမြဲ ရနေမယ် ၊၊

ကမ္ဘာအပြင်ဘက်က သွေးတွေ ၊၊

သူတစ်ပါး ဂြိုလ်က ချမ်းသာတဲ့ ဂြိုလ်သားတွေ ၊၊

ကမ္ဘာကိုလက်ထပ်ချင်တယ်ဆိုတာဟာ ၊၊

မထူးဆန်းတော့ဘူး ၊၊

တယ်လီဖုန်းထဲက စကားသံတွေဟာ ထူးဆန်းတယ် ၊၊

သွေးတွေ ၊၊

ငါ့ကို ဆွေးမြည့်လေးလံစေတာ ၊၊ ထူးဆန်းတယ် ၊၊

နေမျိုးဝတ္ထုထဲက မိန်းမ ငါ့ကို ဖုန်းဆက်နေတာ ၊၊

ကျွန်တော်တို့တစ်တွေ စိုရွှဲနေတုန်းလေ ၊၊

တကယ်တော့ အဲ့ဒါဟာ သွေးတွေ ၊၊

ရှင် ကျွန်မကို လေ ၊၊

ကျွန်မအတွက်သွေး ၊၊

ရှင်ယုံကြည်မှုတော်တော်များများဟာ ၊၊

ကျွန်မဆီက ဆီး ၀မ်း သွေး လေ တွေ ၊၊

ရှင်လိုချင်တာတွေ ၊၊

ရုပ်ရှင်ရိုက်ခံထိပြီး ၊၊

ကျွန်မပေးခဲ့တယ် ၊၊

ထူးချွန်ဆုတွေ ရပြီး ၊၊

ဒါဟာ ရှင်နဲ့ ကျွန်မနဲ့ ပါ ၊၊

ခိုးကူးစာမိပြီး ၊၊

ခုလည်း ရှင်လိုချင်တာတွေရှိရင် ၊၊

စီဒီမျက်နှာပြင်ပေါ်မှာ တီဗွီပေါ်မှာ လိမ်ညာပြီး လျှံကျ ၊၊

အထီးကျန်ခြင်း ၊၊

သွေးတွေ ၊၊

ငါးဖမ်းသမား ၊၊

ဒစ်ဂျစ်တယ် သွေးတွေ ၊၊

ငါ မက်မောတဲ့ ချောကလက်တွေ အပေါ်က သွေးတွေ ၊၊

သွေးတွေ ဆိုတာ ဘာလဲ လို့ ငါ့ကို လာမမေးနဲ့ ၊၊

သူငယ်ချင်းမင်းပိုက်ဆံတွေ ၊၊

သူများတွေလည်း ပြောကုန်ကြပြီ အဲဒါ သွေးတွေ ၊၊

နင်လည်း နင့်ဟာနင် တွေးလေ ၊၊

အားအားယားယား ၊၊

သွေးလေ ခြောက်ခြားပြီး အဲဒါ သွေးတွေ လို့တော့ ၊၊

ဘယ်ကောင် ဘယ်မျှ မှ အော်မနေဘူး အဲဒါ သွေးတွေ ၊၊

သော့ခတ်ထားခံနေရဆဲ ၊၊

ကလေးရေ ၊၊

အိမ်နဲ့ဝေးစေမယ့်စိတ်ကူးတွေနဲ့ လူးလှိမ့်နေတာဟာ ၊၊

မနေ့က သွေးတွေကို download လုပ်မိလိုက်တယ် ၊၊

လာမပြောနဲ့ အဲဒါ သူ့ သွေးတွေ မဟုတ်ဘူး ၊၊

ငါတို့ သွေးပြန်ကြောက အပေါစားရပ်ကွက်သွေးတွေ ၊၊

အမှန်တော့ သွေးတွေ ဆိုတာ ဆန်းတဲ့ ကိစ္စ တစ်ခုမှ မဟုတ်တာ ၊၊

သွေးတွေ ကုန်သွားတော့ ၊၊

ငါ ဟာ သွေးမရှိတဲ့ ကောင် ၊၊

ငါတို့ရဲ့ အကောင်းစား ကဗျာတွေကို လက်ခံ နိုင်မယ့် ၊၊

သွေးတွေ ခင်ဗျားဆီကနေ ဖောက်ထုတ်ပစ်လိုက်တော့ ၊၊

ကဗျာတစ်ပုဒ်ကို ခံစားချက်မရှိဘဲ ရေးနေနိုင်မဲ့ သွေးတွေ ၊၊

ခင်ဗျား ဖောက်ထုတ် ပစ်လိုက်တော့ ၊၊

အဲဒါဟာ ခင်ဗျားရဲ့ မြင့်မြတ်တဲ့ ကဗျာဆရာတွေ ရဲ့၊၊

မလုံလောက်သေးဘူးဟာ သော့ခတ်ထားခံနေရဆဲ ၊၊

ဓမ္မတာ သွေးတွေ ၊၊

သွေးတွေ ဆိုတာ မရှိတော့တဲ့ နောက်ပိုင်းမှာ ၊၊

ငါ ဟာ ဆေးလိပ်ကို ချောင်းဆိုးသွေးပါ အောင် ၊၊

သောက်ဦးမယ် ၊၊

ပြီးရင် လယ်ကွင်းတွေကိုထွက် ၊၊

စပါးတွေကို သွေးသွင်းပြီး စိုက်ပျိုး ၊၊

အဲဒီလို စရိုက်မျိုး ကို မွေးလာအောင် ၊၊

အမွေပေး ခဲ့တာ လည်း အဲဒီ သွေးတွေ ၊၊

အာပလာ သွေးတွေ၊ ဈေးကြီးတဲ့ သွေးတွေ၊ ဓနရှင်ပေါက်စသွေးတွေ၊ ကွန်မြူနစ်သွေးတွေ၊ ၊၊

ငါသွေးမသား သွေးတွေ ၊၊

လက်ဖ၀ါးထဲမှာ စီဆင်းနေတာ ၊၊

ချောင်းလို မြောင်းလို စီဆင်းအိုင်ထွန်းနေတာ ၊၊

ငှက်တွေအော်နေတာ ၊၊

ဂျပန်ပြည်ရဲ့ နာမည်အကြီးဆုံး ဟမ်းဖုန်းမှာ အသုံးအဆောင်ပစ္စည်းဖြစ်နေတဲ့ ၊၊

အဲဒီ သွေးတွေ ၊၊

လယ်ကွင်းတွေပေါ်မှာ နွားလှည်းကိုစီး ၊၊

အေးအေးဆေးဆေးလမ်း ၊၊

စီးကျသွေးတွေ ၊၊

တော်ဝင်နွယ်သွေးလို့အမည်ရတဲ့ ဂျာဗားဂိမ်းတစ်ခုကို ထိုင်ဆော့နေတော့တာ ၊၊

သွေးဆိုတာ လူတွေကို အစုလိုက်အပုံလိုက်သတ်မှမဟုတ်ဘူး ၊၊

ဒီအတိုင်းလည်း ကိုယ်တွေထဲမှာ ၊၊

မလုံလောက်သေးဘူးဟာ သော့ခတ်ထားခံနေရဆဲ ၊၊

အားအားယားယားစီဆင်းနေတာပဲ အဲဒီအသံတွေကိုသွင်းထားပြီး ၊၊

ခင်ဗျားကို ခင်ဗျား ပြန်လည်လွမ်းဆွတ်လို့ ၊၊

နာမည်ကြီး death-metal သီချင်းတွေထဲက ပေါတောတော သွေးတွေ ၊၊

သူ လာရပ်ကြည့်တော့ အနီရောင်ထဘီမှာ ၊၊

ခံစားမှုကိုယ်တိုင်က မခံစားနိုင်တော့ ၊၊

ငါ့သွေးတွေ ၊၊

ပြီးတော့ ငါတို့ မှိန်လျော့နေတဲ့ မီးအိမ်ရဲ့ သွေးတွေနဲ့ ၊၊

အလင်းရောင်အောက်မှာ လှဲအိပ်ခဲ့ကြ၊ ၊၊

ပြီးတော့ မင်းရဲ့ အောက်နှုတ်ခမ်းကို သွေးတွေနဲ့ ၊၊

အရောင်လဲ့နေတဲ့ မီးအရည် တစ်ခု လိုတွေ့ခဲ့ရ ၊၊

ငါမင်းကိုကြည့်လိုက်တယ် ၊၊

သွေးတွေနဲ့ ၊၊

ပြီးတော့ ငါစပြောတယ် “ မင်းဟာ ဘုရားသခင်ပဲ၊ ၊၊

ပြီးတော့ သွေးတွေနဲ့ ၊၊

ငါလည်း ဘုရားသခင်ပဲ ၊၊

ငါတို့ တိမ်မဲမဲတွေပေါ်က ငါတို့ အိပ်ရာပေါ်မှာ လှဲအိပ်နေကြ . . . . သွေးတွေနဲ့ ၊၊

အဲဒါ ၊၊ ဦးခေါင်းရဲ့ ပန်းရောင် စုတ်ချက် အတို ဆွဲသားချက်တွေ ၊၊

Love in Blood Time by Sharon Olds ၊၊

စာကြောင်းတွေ မြင်နေရယုံနဲ့ ကျွန်မဟာမပြည့်စုံနိုင် ၊၊

ထားလိုက်တော့ အဲဒါ သွေးတွေ ၊၊

မိုးထဲမှာ သွေးတွေ ၊၊ သွေးတွေ ၊၊

နှင်းထဲမှာ သွေးတွေ ၊၊ သွေးတွေ ၊၊

အရုဏ်ဦးမှာ သွေးတွေ ၊၊ သွေးတွေ ၊၊

သွေးတွေနဲ့ ၊၊

ခုန်ချလိုက်တယ် ၊၊

မဟုတ်ဘူးလို့ ခင်ဗျားတို့ပဲ ၊၊ သွေးတွေနဲ့ ၊၊

ထားချင်ရာမှာ ထားလိုက်တော့ ၊၊ သွေးတွေနဲ့ ၊၊

တွေဝေနေ လိုက်တော့ ၊၊

ရောရောထွေးထွေး ၊၊ သွေးတွေနဲ့ ၊၊

ရှင် ကျွန်မကို သွေးတွေနဲ့ ၊၊

တစ်ဆုံးပြီးတစ်ဆုံး ရေးထွင်းနေတုန်း ၊၊

သွေးတွေနဲ့ ၊၊

စိတ်နံရံမှာ သွေးတွေ ၊၊ သွေးတွေ ၊၊

ဖွားကနဲဖွားကနဲ လွင့်တက်လာပုံ ၊၊

သိုးထိန်း(အန္တိမ) ဇာတိ၊ လင်းနီညို

[May 4, 2011]

Thursday, May 12, 2011

ငါ ဆို ငါ ဆို ပြီး ဆို ပြီး ပြီ ဆို ပြီး ငါ ဆို ပြီ စို ပြည်

မီးမကူ နေပူမှာမကင်အားလို့ မြို့နဲ့ အမှောင်ဟာ တစ်နေ့တခြား ပိုနီးလာနေသလား။ လွမ်းပြီး သိပ်ခံစားနေမှာပဲလို့လည်း နားလည်ပါတယ်။ လေထဲက တဖွဲဖွဲလွင့်ကျလာမှာ ငါပဲလား။ သူကြီးတွေ သူမကြီးတွေ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ ခေါင်းထဲက နံရံကို ကဗျာက ဖန်ဆင်းခဲ့တာလား သုစိပုဘာ။ တိတ်တိတ်ဆိတ်ဆိတ်လေ တဂျစ်ဂျစ်မြည်လေ။ တချိန်က မင်းခပ်ဖွဖွခူးခဲ့တဲ့ဖက်စိုကြီး မဟာဒုက္ခတွင်းဆုံးကျပြီလား။ ခေါင်းငိုက်စိုက်အတွေးတွေ မရှိချင်တော့ဘူး။  ငါ ကုတ် / ခြစ် / စီး / ကျ နေတာ ဘယ်သူမှ မသိဘူးလား။ မင်းရယ်သံလေးတွေဟာ လောကဓံရဲ့ နာကျင်မှုဖြစ်ကြောင်း ငါသိခဲ့တယ်။ မနက်ခင်းထဲ ငါ ထ စကားပြောနေခဲ့သလား။ ကျွန်မ မလွမ်းတတ်တာကိုတော့ ရှင်စိတ်မဆိုးပါနဲ့။ ကျောက်တောင်များကို စာသားများက ရိုက်ဆော်ညှင်းနေခဲ့သလား။ မုန့်လုံးနဲ့ စက္ကူကို အစားထိုးဖို့ အသုံးဝင်ကောင်းဝင်နိုင်လိမ့်မယ်။ တီတီတာတာနုရွလှပကနေ အဆင့်ဆင့် ဖြစ်ပေါ်တိုးတက် တာတွေရှိခဲ့တာလား။ ဒီလိုပဲ သူတို့ သူတို့ ဒီလိုပဲ။  မီဂါစီးတီးမြို့ ကြီးထဲမှာ တစ်လက်မမှမဆုတ်ချင်တဲ့ ကဗျာစာကလေးအိမ်ကလေးတွေ ကွန်ကရစ်လောင်းခံလိုက်ရတာလား။ ဖြတ်သန်းစီးဆင်းမှုမှာ အရေးကြီးတဲ့ ခေါင်းစဉ်တစ်ခုအဖြစ် မှတ်သားထားပေးပါ။ တောင်ပေါ်လမ်းကွေ့ကနေ စိတ်ကိုတွန်းဖွင့်ပြီး ရေကြည်မျက်နုရာတွေရဲ့ ပဟေဠိကို ခံစားနေတတ်ပြီလား။ ငါထင်တာ ကျွန်မ ရှင့်ကို အလေးအနက် ထားပါတယ်။ တုံ့ပြန်ပုံထူးခြားတဲ့ ကြွက်သားတွေကို ထိန်းကျောင်းလို့မရသေးသမျှမှာ တစ်နေ့ပြီးတစ်နေ့ အဖျားတက်ပြီးနေရုံနဲ့ ဘ၀ဟာ ခေတ်နဲ့ အတူစီးဆင်းနိုင်ပါ့မလား။ သစ္စာတရားဟာ သူ့အကြောင်းသူ အောင်မြင်စွာမပြောကြားနိုင်ခဲ့ဘူး။ အိပ်ရာအောက်မှာ နှစ်လုံးပြူးသေနတ်တစ်လက်နဲ့ ထူခြားတဲ့ဆက်ဆံရေးတစ်ခုထဲ ချောင်ပိတ်မိနေခဲ့သလား။ လိုအပ်တဲ့အခါ ကဗျာက ရထားဖြတ်တုန်း နှင်းတွေဝေနေတာ။  ဘုရားသခင်…ခင်ဗျားရင်ထဲ လိင်မှုကိစ္စတစ်ကြောင်းထဲမှာ အသက်ကို နှုတ်ယူသည်အထိ မီးတွေတအားလင်းနေသလား။ ကျွန်တော်တို့က ထွက်ခွာသွားနှင့်ပြီ။ သန်းတစ်ထောင်ထဲမှာ ချိုမြိန်ခြင်း ခွင့်လွှတ်ခြင်းတွေကို မကြိုးစားနိုင်ဘူးလား။ အဖွဲ့အစည်းနဲ့ လွှမ်းမိုးခြင်းကပ်က အကြမ်းဖက်သမားလို စေ့စပ်တယ်။ မုတ်ဆိတ်မွေးထားတဲ့ ဘာသာဗေဒတွေ ရှင်သန်နေကြတော့ လွယ်လွယ်နဲ့ နားမလည်လည်း တွေ့ရှိချက်တိုင်းဟာ ဘယ်တော့မှ အလဟဿ မဖြစ်စေရဘူး သိလား။ ခင်ဗျားရဲ့ လေဟာနယ် အသိုင်းအ၀န်းထဲက သမားရိုးကျဗြောက်အိုးတွေရဲ့စိတ်ကို ဖွင့်လှစ်ကြည့်ဖို့ကတော့ တိတိကျကျ တစ်ပြားမလျှော့ ကွက်လပ်ထားလိုက်ပါကြောင်း။

 

သိုးထိန်း(အန္တိမ)

Saturday, April 23, 2011

လေ့ကျင့်(အချစ်) ခန်းစ (၁) ။ (၂)။ (၃)။ (၄)။ (၅)။

(၁) ။ အိပ်ယာထ ။ ( ၂ ) ။ မျက်နှာသစ် ။ ( ၃ ) သွားတိုက် ။ ( ၄ ) ။ အိပ်ယာသိမ်း ။
( ၅ ) လေ့ကျင့်ခန်းစ ။

လူပဲဗျာ ။ သွေးနဲ့ကိုယ် ။ သားနဲ့ကိုယ်ပဲ ။ တွမ်ခရုစ် ။ မကြိုက်လဲ ။ ပင်နာလိုပီခရုစ်
ကို ပြစ်မှားမိတာ ဘာဆန်းလဲ ။ တကယ်ဆို ။ ဒါဟာ ။ အလွမ်းခန်း ။ နှင်းတွေဝေနေတာ။
ငှက်တွေအော်နေတာ ။ အရုဏ်ဦးမှာ လူးလှိမ့်နေတာဟာ ။ စိတ်အင်ဂျင်ကို ဖွင့်ထား ။
ကြွက်သားတွေကို ဖျော့ထား ။ အသက်ကိုပြင်းပြင်းရှု ။ အဆုတ်ထဲမှာ အောက်ဆီဂျင်တွေ
ပြည့်နေအောင် ဖြည့်ထား ။ ဇတ်လမ်း ။ ပတ်ကြမ်းမတိုက်နဲ့ ။ ကြမ်းပတ်ပတ်လည်မှာ ။
လည်လည်ပတ်ပတ် ဖြန့်ကျက်ထား ။ သတိမေ့နေတယ် ။ အသိထဲမှာ။ တိုက်ပွဲတွေ ။ တိုက်
ပွဲခေါ်သံတွေ ။ သွေးညှီနံ့တွေ ။ ကြမ်းတမ်းတယ် ။ လှိုင်းတံပိုးတွေ ထန်နေတယ် ။
ငါ့ အသွေး ငါ့အသားဟာ ။ ဘဂ္ဂဒက်ပဲ ။ အီရတ်ပဲ ။ တိုက်ချင်းပစ် ဒုံးကျည်ပဲ ။
ကျဉ်ကနဲ ။ ကျင်ကနဲ ။ မီးတောင်ပွက်သလို ။ ဆူပွက်နေတယ် ။ မြောက်ဝင်ရိုးစွန်းမှာ ။ မအေးခဲမှီ။
အလင်းသဲ့သဲ့ ။ အော်သံတွေ ။ ညည်းသံတွေ ။ မြင်းတွေ ပြေးလွှားသလို ။ပန်းတိုင်ဟာ လက်တကမ်း ။
ဟိုဘက်ကမ်း ။ မရောက်ခင် ။ အမောဖြေ ။ ရွက်ပြန်လွှင့် ။ တက်ကုန်ဖွင့်ထား ။ ပြင်သစ်တပ်တွေ။
ဝိုင်းခံထားရတဲ့ ။ မော်စကိုလို ။ ရွပ်ရွပ်ချွံချွံ ။ ခုခံ ။ တောင်ကုန်းပေါ်မှာ ။ ချုသံတွေ ကြားလား ။
Milk ဇတ်ကားထဲက ။ ဇတ်ဝင်ခန်း ။ ရှောင်ပင်းန် ဟာ လိင်တူခြင်း နမ်းပြီး ။ အော်စကာ ယူသွား
လက်ခုပ်သံများ ။ လက်ခုပ်ထဲက ရယ်သံများ ။ လက်ခုပ်ကို စွန်းမယ့် ။ သွေးစက်များ ။ မျက်လုံးဟာ။
မှောင်နေတာ ။ ရီဝေေ၀ရီ ။ ဆေးလိပ်ဖွာချင်လာတယ် ။ ၃၂ ကောဌသ ကမဌန်း ။ အရိုး ။ အကြော ။
အရေ ။ အရွတ်။ ချွဲ ။ သလိပ် ။ ပျစ်နှစ်နေတာ ။ ပျစ်ခဲနေတာဟာ ။ ရောင်နီမလာခင် ။ စိတ်အမှောင် ။
လွန်းပျံယဉ်ပျံမတက်ခင် ။ မီးတဖွားဖွား ။ ဂျိန်းကနဲဂျိုင်းကနဲပါပဲ “ဂျိမ်းစ်” ။ အိမ်ပြန်ကြရအောင်လား
“ဂျိမ်းစ် ” ရေ ။ ပိုးကောင်တွေ ။ ပြေးနေတာ ။ ဖော်ရက်စ်ဂမ့်လိုလား ။ ဖွာလန်ကျဲ ။ တစ်စစီ ။ တပွင့်စီ။
တစ်လွှာစီ ။ ရေစင် ။ ရေပန်း ။ အေးစိမ့် ။ ငြိမ့်ငြိမ်းညောင်းနေပါပြီညိမ်းညိမ်း ။ မပွင့်လဲကြွေ ။ မဝေလဲညွှတ်။
မဆွတ်မှီကခူး နှင့်သူပါ “ဂျိမ်းစ်” ။ ကိုယ့်နာမည် “ဒေစီဂျိမ်းစ် ” ။


(၁) ။ အိပ်ယာထ ။ ( ၂ ) ။ မျက်နှာသစ် ။ ( ၃ ) သွားတိုက် ။ ( ၄ ) ။ အိပ်ယာသိမ်း ။
( ၅ ) အလုပ်သွား ။

မောင်ဖုန်းမြင့်

Tuesday, April 19, 2011

မလွမ်းတတ်တော့ ခက်တယ်

ကျွန်မက မလွမ်းတတ်ဘူး။ ရှင်စိတ်မဆိုးပါနဲ့။ ကျွန်မ ရှင့်ကို အလေးအနက် ထားပါတယ်။ ဒါကို ရှင်လည်းသိမှာပါ။ ရှင်ကတော့ ကျွန်မကိုလွမ်းပြီး သိပ်ခံစားနေမှာပဲလို့လည်း ထင်ပါတယ်။ ဒါပေမယ့် ကျွန်မက မလွမ်းတတ်တော့ခက်တယ်။ ကျွန်မလေ အကြောင်းတိုက်ဆိုင်မှုရှိတိုင်း ရှင့်ကို သတိရမြဲ ရနေမယ်။ ရှင် ကျွန်မကို လက်ထပ်ချင်တယ်ဆိုတာဟာ ကျွန်မအတွက် အရေးကြီးတဲ့ ခေါင်းစဉ်တစ်ခုအဖြစ် မှတ်သားထားပါမယ်။ ကျွန်မဆီက ရှင်လိုချင်တာတွေ ပေးနိုင်သမျှ ခပ်များများ ကျွန်မပေးခဲ့တယ်။ ဒါဟာ ရှင်နဲ့ ကျွန်မနဲ့ ထူခြားတဲ့ ဆက်ဆံရေး တစ်ခုပါ။ ခုလည်း ရှင်လိုချင်တာတွေရှိရင် ကျွန်မဆီလှမ်းမှာပါ။ ကျွန်မ ပို့လိုက်မှာပေါ့။ ကျွန်မက ရှင့်ဆီ ဖုန်းမဆက်လို့လည်း စိတ်ထဲမှာ ဘာမှမဖြစ်စေချင်ဘူး။ ကျွန်မတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် လွမ်းဆွတ်ပြီးနေရုံနဲ့ ဘ၀ဟာ ပိုကောင်းလာနိုင်ပါ့မလား။ ရှင်နဲ့တော့ ပြိုင်ပြီး ကျွန်မ မငြင်းချင်ဘူး။ ဒီနေ့ ကျွန်မ တုံ့ပြန်ပုံထူးခြားတဲ့ ဆဲလ်တစ်ခုကို တွေ့ရတယ်။ ရှင်သိရင် ၀မ်းသာနိုင်အောင် ပြောပြတာပါ။ ကျွန်မရဲ့ တွေ့ရှိချက်ဟာ ကင်ဆာရောဂါကို ကုသဖို့၊ ဒါမှ မဟုတ် ဟန့်တားထားဖို့ ဆောင်ရွက်ချက်တွေမှာ အသုံးဝင်ကောင်းဝင်နိုင်လိမ့်မယ်။ ကိုရုပ်ဆိုး၊ ရှင် ကျွန်မနဲ့ ဝေးကွာနေချိန်မှာ အစားထိုးဖို့ နောက်ထပ် တစ်စုံတစ်ယောက်လောက် တွေ့နိုင်အောင် မကြိုးစားနိုင်ဘူးလား။ အဲဒီဘက်မှာ ရှင်ညံ့တာ ကျွန်မသိတယ်။ လွမ်းတဲ့အကြောင်းတွေ ဖုန်းခဏခဏဆက်ပြီး မပြောနဲ့။ အထူးသဖြင့် ဒီနှစ်ဧပြီလထဲမှာ ကျွန်မလေ့လာတွေ့ရှိချက်တွေအတွက် ပိုပြီးအားစိုက်ရမှာ ဖြစ်တယ်။ ကျွန်မမွေးထားတဲ့ တစ်ရှူးတွေ ရှင်သန်နေကြတော့ ကျွန်မ၀မ်းသာနေမိတယ်။ တွေ့ရှိချက်တိုင်းဟာ ဘယ်တော့မှ အလဟဿ မဖြစ်စေရဘူး သိလား။ ရှင် ကျွန်မကိုလွမ်းရင် ကျွန်မ ၀ယ်ပေးထားခဲ့တဲ့ ဗြောက်အိုးတွေ ဖောက်ပါလို့ အကြံပေးချင်တယ်။ ဒါဆို ရှင်လည်း သက်တောင့်သက်သာ ရှိမယ်။ ကျွန်မလည်း ၀မ်းသာရမယ်လေ။

နေမျိုး

(မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု) – နေမျိုး။ ဇန်နဝါရီ၊ ၂၀၀၆ – မိုးကောင်းစာအုပ်တိုက်)

Monday, April 18, 2011

ဂေါ်ဇီလာ

သူလိုကိုယ်လိုတွေထဲမှာ သာမန်ဖြစ်စဉ်တစ်ခုအဖြစ် တစ်ယောက်တည်း ထွက်ဖို့အချိန်ကျလာပြီး တွေဝေမှုတစ်ခုခုအပေါ် ကိုယ်စားပြုပြီးသားဖြစ်နေတတ်တဲ့ နေ့စဉ် နေထိုင်မှုမျှသာဆိုတာ ရှင်သန်ရေးအတွက်သဘာဝကျကျ သဘာဝဘေးအန္တရာယ်အဖြစ် မြင်လာနိုင်ပါလိမ့်မယ်။ အဓိက၀င်ငွေရပေါက်ထိခိုက်မှုမရှိစေရေး အလင်းနဲ့အမှောင် ဒွန်တွဲနေသလို အထီးကျန်နေတဲ့ ပျော်ရွင်ကျေနပ်မှု အနည်းငယ် ရခဲ့တယ်။ ဘဝဆိုတာ အမျိုးအစားခွဲပြဖို့ခက်တဲ့ တိတ်တိတ်ဆိတ်ဆိတ် ခြောက်ခြောက်ကပ်ကပ် အပြုံးတစ်ချက်ဆိုတာ သိရှိခံစား နိုင်လိမ့်မယ်။ ယဉ်ကျေးတဲ့သူတစ်ယောက်ဖြစ်ဖို့ တစ်မျိုးတစ်ဘာသာနှင့် လူငယ်များအနေဖြင့် အရေးပေါ်သန္ဓေတားဆေးနှင့် ပတ်သက်၍ အတွေ့ရများသည့် တန်းစီစောင့်ဆိုင်းဝယ်ယူမှုတွေ လျော့နည်းလာစေဖို့ သက်ဆိုင်ရာက သတ်မှတ်ပေးထားတဲ့ခွဲတမ်းအပြင် အဝေးကို… အပြင်ကို မိမိခန္ဓာပေါ် ကျားမအသက်အရွယ် ဟု အော်ဟစ်တောင်းဆိုသည်မှာ မင်းလေးကဘ၀အဓိပ္ပါယ်လား။ အမှောင်ခြမ်းလုံးလုံး ၆၉ရက်တိုင်တိုင် သို့သော် ထိုတောအတွင်း ၀င်ထွက်သွားလာမြဲ ပြည်ပမှ နိုင်ငံတကာနယ်နိမိတ်များကို ဖြတ်သန်းပြောင်းရွှေ့မှု  မသွားနဲ့လို့ ပြောလို့မရဘူး။ မလာနဲ့လို့လည်း ပြောလို့မရဘူး။ လှိုင်းသစ်တွေနဲ့အတူ အလျင်အမြန်ပြောင်းလဲနေသော အားလပ်ရက်မှာ မောင်းထွက်သွားတယ်။ မရယ်စရာမှန်းသိရက်နဲ့ပဲ စိုးရိမ်ရတဲ့အခြေအနေမဟုတ်တော့ သိပ်ဂရုမထားမိဘူး။ သူ့ ကမ္ဘာ့အခြေအနေတွင် အသက်ရှင်လျက်ဝယ်ယူတင်သွင်း ရောင်းချပေးနိုင်ဖို့ ခွင့်ပြုထားပြီဟု ပြောကြားတော့မှပဲ ကျွန်တော်လည်း ဒိုင်ယာရီဟောင်းလေးဘာလေး ပြန်ဖတ်ပြီးမှ ပြန်အမှတ်ရတယ်။ မိသားစုအတွက် စီးပွားရှာဖွေလိုမှု နောင်တမရပါဘူးဆိုတဲ့ ကမ္ဘာကြီးမှာ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရတာ သတိထားမိတယ်။ အဓိပ္ပါယ်တွေများတာကတော့ အံ့သြသွားစေချင်တဲ့ လှလှပပ အနှောက်အယှက်ပေးရုံ၊ စိန်ခေါ်ရုံသက်သက်မဟုတ်ဘဲ သိမှုကို ဖေါက်ပြန်စေတဲ့၊ မေးခွန်းထုတ်စေတဲ့ အခြေအနေထဲမှာလည်း အိပ်ကပ်ထဲ တစ်ပြားတစ်ချပ်မှ ပါမလာတော့ ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ဆန္ဒကြောင့်ပဲဖြစ်ဖြစ် အပြည့်အ၀ ဖော်ဆောင်သွားနိုင်ခဲ့တယ်။ မျှော်လင့်ချက်အားလုံးကို ပြက်ပြက်ထင်ထင်မေ့နေခဲ့တာ ကြာပါပြီ။ လွှဲပြောင်းမလားဆိုတာတော့ မသိနိုင်ပါဘူး။ မရတော့ဘူးတဲ့ မျှော်လင့်တယ်ဆိုတာ ဘာမှကောင်းတာမဟုတ်တော့ သစ်ရွက်တွေကြွေသံကြားတိုင်း ကိုယ်တိုင်ကိုယ်ကျ စိတ်လှုပ်ရှားလို့ မီးလောင်မှုဖြစ်ပွားရာမှာ ခိုတွေကို အစားကျွေးချင်ပြီး ရက်စွဲများကူးပြောင်းရန် မြောက်မြားစွာသော ဘ၀စာမေးပွဲများစွာ ရေကြည်ရာမြက်နု ၁) အိပ် ၂) စား ၃) ကာမ။ ယုံမှားသံသယတွေဝေမှောက်မှားမောဟများနဲ့ ယူနီဗာဆယ်အဓိပ္ပါယ်ကို မြို့ထဲဝင်လာတဲ့ ရွှေ့ပြောင်း အစမ်းလေ့ကျင့်ဖြေဆိုမှုများ စာမေးပွဲများမဖြေခင် စာမေးပွဲများ ဟန်ဆောင်နေတာကို ဘာလို့ တန်ဖိုးထားချင်နေရတာလဲ? ကြားရမြင်ရတဲ့အတိုင်း ကြုံရတွေ့ရတဲ့အတိုင်း မှတ်မှတ်ရရ အခြေအနေတွေမှာ နာမည်ကိုသိနေပြီး နာမည်တောင်မသိဘူး။ သူကကျွန်တော့် တယောကို တယောမှန်းမသိတော့ အိမ်မက်လို အသံလည်းရှိချင်မှ ရှိနေမယ်။ ကြုံရာအစကို ဆွဲထုတ်လိုက်ပါ။ အရာရာဟာ ပြောင်းလဲသွားစေနိုင်ပါတယ်။ ခေတ်ရဲ့ တစ်နေရာရာမှာ အချိန်နဲ့အမျှပြောင်းလဲမှုတွေ…မဖြေခင်စာမေးပွဲများဆက်လက်၍ အရာခပ်သိမ်း လွှမ်းမိုးထားသော ဆက်လက်၍ ထိုပုဂ္ဂိုလ်တို့ အတွက် အစွန်းအထင်းမရှိအောင် တစာစာပန်းထွက်နေတုန်း အရေးကြီးသည့် အရွယ်ရောက်သူတိုင်း ဖြတ်ကျော်နေကြရသည့်အလုပ်အကိုင်အခွင့်အလမ်း မမျှတမှု၊ လုပ်ခလစာကွဲပြားမှု၊ အဖြစ်အပျက်ကို ဇင်လို့ပြောရင် ဇင်မဟုတ်တော့ဘူးဆိုတာ အရှိအတိုင်းရိုက်ထားတဲ့ ကံဇာတ်ဆရာအလိုတော်အရ အဖြစ်အပျက်များကို ပြန်ပြောမည် သို့တည်းမဟုတ် နည်းတစ်မျိုးမျိုးဖြင့် ဖြန့်ချိ ခြင်းပြုလျှင် သုံးစွဲသူများသည် မခင်မေဟာ ဆက်လက်၍ ခါးသေးရင်ချီ ဆက်လက်၍  ပိုင်နိုင်သေသပ်မှုရှိ ဆက်လက်၍ ငိုစရာရှိငို၊ ရယ်စရာရှိရယ်။ ၀ါယာကြိုးတွေ အပြစ်ပြောစရာမရှိဘူး။ လမ်းတစ်လျှောက်လုံး ရှိနေလိမ့်မယ်။ အရွယ်ရောက်လာပေမယ့် မျက်စိထဲသတိလစ်နေတဲ့အချိန် ဖြစ်နေတဲ့အနေအထားတွေ အပြင်ကရှုခင်းတွေကို ကြည့်နေရင်း မမျှော်လင့်တာတွေ ကြုံတွေ့ခဲ့ရတဲ့နောက်ဆုံး ရိုးသားပါ။ ရိုးဂုဏ်တစ်ရပ်မှာ ပုံရိပ်တွေဆူပွက်နေတာမှာလည်း ဟာကွက်မရှိခဲ့ပါဘူး။ ဘယ်နေရာကမဆို တစ်နှစ်တစ်တန်း အောင်ဖို့လိုတယ် ဒိုမိုဒီဒိုဗို။ အဲဒီချိန်မှာ ကျွန်တော်တို့ လပေါ် ဘယ်လိုသွားရမလဲ မသိခဲ့သေးဘူး။ အေဒင်ကို ပြန်ပေးဆွဲခံရပြီးနောက် မီးခိုးလုံးများဖြင့်ပြည့်လျှံနေပြီး ပြောရလွယ်သလောက် မည်သည့်အဖွဲ့အစည်းမဆို တစ်ဝက်တစ်ပျက်သေချာမှုဆိုတဲ့စကားကို မေ့လိုက်မယ် မဟုတ်လား။ တစ်နေ့ပြီးတစ်နေ့ မင်းငါ့ကို မှတ်မိသေးလားဆိုတော့ သူ့အတွက်သူစိမ်းလိုပဲ ဖြစ်နေမှာ။ ကျွန်တော်လည်း အဲလိုပဲ ခံစားမိတယ်။ ၀င်ရောက်ခံစားနိုင်မှာပါ။ ဒဏ်ရာတွေဟာ အတိမ်အနက်မတူတာကလွဲရင် ဒါလေးကိုပဲ မှီခိုအားထားနေရတာ။ အခုလို နေ့တိုင်း အများပြည်သူတို့မြင်သာအောင်ပြခြင်း၊ နာကျင်မှုဆီ စမြုံပြန်ရရင် လောလောဆယ် မရယ်နိုင်သေးတော့ အရင်ပုံစံအတိုင်းပဲတဲ့။ မကြာတော့ပါဘူး။ တစ်စစီပြိုကွဲချိန်တိုင်အောင် ရောက်လာလိမ့်မယ်။ သွားလိုက်ကြရအောင်လေ။ ကြောက်ရွံ့နေစရာမလိုပါဘူး။ အဖြူရောင်ဆိုရင် အမည်းစက်တင်ပေးချင်တဲ့ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး လုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်သည့် နည်းလမ်းအချို့နှင့် ပတ်သက်သည့် အချက်အလက်များအား အဲဒီတုန်းက လျှောက်ခဲ့ဖူးတဲ့ကွန်တိုမျဉ်းတွေကို စိန်ခေါ်မှုတစ်ရပ်အဖြစ် ၀ိုင်ဖိုင်စနစ်၊ မျက်နှာပြင်လှုပ်ရှားမှုအာရုံခံစနစ်နဲ့ ထိတွေ့ထိန်းချုပ်ခလုတ်များ စံပယ်ရုံတွေရောထည့်သွင်းထားသောကြောင့်  Next Generation Portable ဟု ကုတ်အမည်ပေးထားသော ညစဉ်ညတိုင်းသုံး ဂေဟစနစ်အမျိုးမျိုးအလိုက် မက်မုံပန်းကလွဲလို့ အမြင့်ပေဘယ်လောက်မှာစပြီး ဇာတ်ပေါင်းဖို့ အတွက် ဖုန်ထူမြဲထူလျက် အမိဘုရားသခင်မ၊ သူနှင့်တူသော လူ့အဖွဲ့အစည်း၊ သူတစ်ပါးကို အပြင်းအထန်နာကျင်စေသော ခေါင်းလောင်းထိုးရယ်သံ သက်တမ်းကြာလာလေလေ စူပါမင်းလို ဘာမဟုတ်တဲ့သူတစ်ယောက်လို ရိုးသားကြိုးစား နယ်လှည့်အလှူခံ ကျန်ရစ်လေကုန် ဆတ်ဆတ်တုန်လို့ ငါတို့ကဘာလဲ? နှုတ်ခမ်းဝမှာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ ဆက်ဆံပြီးနောက်ပိုင်း အတုအယောင်နှင့် ဆင်တူယိုးမှားများလည်း ပါဝင်ကြောင်း တခြားစီပြီး အမြဲတမ်း ခွဲစိပ်ဖို့ကြိုးစားကြတာ ပီပီပြင်ပြင်ခံစားရတာတောင် နေ့တိုင်းသောက်ရတဲ့ ဆေးဆိုရင် ရေမြေခြားပြီး ဝေးကွာခွဲခွာနေရသူများအတွက် ဒဏ်ရာဒဏ်ချက်တွေကို ရှာဖွေမတွေ့ရှိလည်း  မဖြစ်နိုင်ပါဘူး။ အားလုံးနဲ့ အလုပ်လုပ်နေပါတယ်။ နှာစေးချောင်းဆိုးဖြင့် လက်တွေ့အကောင်ထည်ဖေါ်နိုင်မှု သူ့အပြစ်ကိုယ့်အပြစ် စစ်မှန်သောသဘာဝတရားထဲမှာ။ မရှိတာတွေကို ရေတွက်တဲ့အခါတိုင်း ဘာမှသိပ်ပြောင်းလဲတာမျိုး မရှိသလိုပါပဲ။ ဘ၀ကို ဖြေလျော့ကြည့်ဖို့ ကောင်းကင်ကို မော့ကြည့်လိုက်တာ  စင်စစ်အားဖြင့် လူ့အဖွဲ့အစည်းများကြား၌ မတူညီသောရှုထောင့်များ အလို့ငှာ ပြုလျှင် သို့တည်းမဟုတ် ထုတ်လုပ်လျှင် သို့တည်းမဟုတ် လက်ရှိထားလျှင် ပြစ်မှုမြောက်သော ပြုလုပ်မှုတစ်ခုခုကိုပြုရန် ကမ်းလှမ်းလျှင် သို့တည်းမဟုတ် အားထုတ်လျှင် ဆိုရမယ်သာဆိုတယ် ခဏပြန်သွားကြည့်ချင်တဲ့စိတ်တော့ ပေါ်မိတယ်။ ဒါပေမဲ့ ပြန်လို့မှ မရတော့တာ။ သိပ်အဝေးကြီးကို မသွားချင်ဘူး။ တို့တွေဆုံချင်တယ် မြန်မြန်လုပ်နိုင်သမျှ မှားယွင်းမှုကိုလည်း လက်စ်စဘီယံတွေလို ဂေးတွေလို ထူးခြားလက္ခဏာရှိသူတွေလို လွဲမှားဖေါက်ပြန်နေသူလား? လက်တွေ့ဘ၀နှင့် မနက်ဖြန်က ဘယ်လောက်သေချာသလဲ။ ပြန်ပြီး အဆိုမှန် သူနဲ့ကျွန်တော်က ဘာမှမဟုတ်ဘူး။ ဘာစကားပြောရမလဲ။ ဘယ်သူပြောလဲဆိုတော့ ကျွန်တော်လည်း ပြန်ပြောလိုက်တယ်။ ကန့်သတ်ခံလိုက်ရတာကို ဘာလို့ကြေကွဲနေမှာလဲ။  ဒီမိုကရေစီ ပြန်လည် သောင်းကျန်းလာပြီးနောက် ပြင်ပပေါက်ဈေးနှုန်းမှာ ညရေးညတာခက်တဲ့ ရင်းနှီးမြုပ်နှံမှုပဲ။ ရုပ်စွမ်းအင်လောင်စာများကြောင့် ကမ္ဘာကြီးပူနွေးလာပြီး သက်တမ်းသည် ၅၀မိနစ်ဖြစ်ပြီး နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်းမပြုရဟု အထက်ပါ အကြောင်းအရာများနှင့် (သွယ်ဝိုက်) ပတ်သက်၍ ပေါက်ပြဲမြဲ ပေါက်ပြဲလျက်သူမအား မှုန်မှိုင်းသိပ်သည်းနေတဲ့လူသားဆန်မှုကို မလိုအပ်ပဲ ပိုမိုဝန်လေးစေတယ်။ မလေ့ကျက်လိုက်ရတဲ့ သင်ခန်းစာလို ဒါဟာရေနွေးပူဖြင့်လောင်းခြင်း၊ တပေါက်ပေါက်ကျနေတဲ့ ဘေးထွက်ဆိုးကျိုးများ အကြောင်းအရာထပ်မပြောခင် အကျိုးအရာထပ်မပြောခင် အနာဂတ် ရေရာသေချာမှုမရှိခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ အခြားသောဖိအားများ၊ အရသာမျက်နှာပြင်လူမှုပိုက်ကွန် လိမ်ကွေးပြထားရုံ ပရိသတ်အကြိုက်ဆုံး နွေရာသီကအပူဆုံးဆိုတာ မသေချာမှုတွေဆီ ပြန်ပြန်ရောက်လာတယ်။ ဖြစ်တည်မှုကို ဘယ်လောက်အထိ ယုံကြည်ရမလဲဆိုတာကို စမ်းသပ်ကြည့်တဲ့သဘောပါ။ ပိုပိုနီးကပ်လာပြီး ပြန်ပြန်ဝေးသွားကြတယ်။ သိပ်တော့ အပန်းကြီးခဲ့မှာ မဟုတ်ဘူး။ အမှန်တကယ် ထိရောက်မှုရှိစေတဲ့ လိုအင်ဆန္ဒ၊ အာသီသတွေက ရှုပ်ထွေးလာတယ်။ ဆုတ်ကပ်မှာ ပိုပျော်လာတယ်။ (သူထင်ထားတာ မှားပြန်ပါတယ်) တကယ်တမ်းပျော်နေတဲ့သူတွေတော့ မဟုတ်ပြန်ဘူး။ အားလပ်ရက်ပန်းခြံလေးထဲမှာပဲ တစ်ဦးတည်း ပျော်ရွှင်စွာနေထိုင်ဖို့ရာလည်း မအောင်မြင်ခဲ့ဘူး။ သူက ငါဘယ်တော့မှ မရောက်ဖို့တော့ အခြေခံ သဘောတရား တစ်ခုရှိတယ်။ သဲ့ခနဲကြားရုံဖြင့် ဘာတစ်ခုမှမပါလာတဲ့ ရွေးချယ်ခွင့်မှာ တစ်ကိုယ်တော် မွေးဖွားလာကတည်းက လူတိုင်းမှာ ကိုယ်ခံစွမ်းအားတွေ မြင့်မားနေဖို့၊ ပြည့်ဝနေဖို့ လိုတယ်။ ပလက်ဖောင်းပေါ်ကကြွက်များလို ငါတို့ဟာကြီးပြင်းလာချိန်မှာ ထိန်းသိမ်းဖို့တောင် လိုသလိုပုံမသွင်းနိုင်တာ ၀မ်းသာပေးရမလား၊ ၀မ်းနည်းပေးရမလား မဝေခွဲတတ်ဘူး။ အခြား ရွေးချယ်စရာလမ်းမရှိတဲ့ဘ၀မှာ ကျွန်တော်လည်း အင်းလုပ်၊ အဲလုပ်ပဲ နေလိုက်တယ်။ မှတ်မိနေတဲ့ ငယ်ငယ်တုန်းကအကြောင်းတွေ ကုန်သလောက်ရှိသွားတာနဲ့ အရင်လိုမဟုတ်တော့ဘူး။ တိတ်ဆိတ်မှုဟာ စိတ်ရဲ့အနက်အရှိုင်းဆုံးမှာ။ အဓိပ္ပါယ်ပြောင်းသွားတာလား ဆက်လက်၍ မိဘကသိမှာကြောက်လို့၊ ထိုးဆေးဆိုရင်လည်း ဆေးခန်းကို သွားပြရမှာရှက်လို့ လက်မခံနိုင်သေးခင် ပကာသန(ဇာတ်ပျက်)တွေကတော့ ဘယ်လိုခံစားလို့ရမှာလဲ? ဘယ်သူက ဒီကြောင်တွေအတွက် အကုန်အကျခံမလဲဆိုတာလည်း စဉ်းစားရမယ်။ ကိုယ်ယုံကြည်ထားတဲ့အပေါ်မူတည်ပြီး ခေတ်သစ်ရူးသွပ်မှုပုံစံတစ်မျိုး နဲ့သန္ဓေတားခြင်းပိုမိုကျယ်ပြန့်လာခြင်း၊ အလွယ်တကူ ၀ယ်ယူရရှိနိုင်ခြင်းကြောင့် လွတ်လပ်မျှတတဲ့ ငုံ့ကြည့်နေချင်ရုံလေးသို့တည်းမဟုတ် ရောင်းခြင်း၊ ဝေငှခြင်း၊ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ လျှို့ဝှက်ထားတဲ့ ကိုယ်စီ ရှိနိုင်တာချင်းလည်း အတူတူထင်ရသူအချင်းချင်း ပေါင်းသင်းအဆင်မပြေတာတွေ ကြုံရသေးတာ၊ ထို့ပြင် ကွန်ပျူတာနည်းပညာဖြင့် ဖြတ်ဆက်ကပ်ညှပ်လုပ်ကာ ကိုယ်ဘာကောင်လဲ လက်ခံဖို့ ခက်ခဲနေတတ်သေးတဲ့ ပေါင်အား ဘရိတ်ဓားဖြင့်မွှန်းခြင်း၊ သနပ်ခါးတုံးဖြင့် ဦးခေါင်းကိုရိုက်ခြင်း၊ အပ်ဖြင့်ထိုးခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း၊ ဝမ်းနည်းကြေကွဲစရာများ၊ နားမလည်နိုင်တော့ဘူး။ သက္ကရာဇ်တွေမှာ အဆိပ်တမျိုးမျိုး ရှိနေသလား? အသားအရည်က ဝင်းအိဆန်းပြား ဆက်ဆက်ထားပြီး ပွစိပွစိလှည့်စားသမျှ ပန်းပွင့်နုနုဖတ်ဖတ်လေးတွေ၊ ဒုက္ခတွေအပေါ် လူမြင်မှာစိုးတာနဲ့ လေညှင်းကလေးများ ဓါးသွားလို ရင်မှကျော ထုတ်ချင်းခတ်သွားလာ သဲထဲမျက်စိမြုပ်ခဲ့ကြတာ၊ နာကျင်မှုကတော့ တစက်စက် စီးထွက်နေတာပေါ့။ လူပုဂ္ဂိုလ်တစ်ယောက်ယောက် အဖွဲ့အစည်းတစ်ခုခု မည်သည့်အရာမျှ အညွှန့်မပါရင် ဆက်လက်၍ ကျွန်မ ယောက်ျားဟာ ကြီးငယ်မရွေး ရေနံတွင်း ပေါက်ကွဲမှု ကိုယ်ရေးကိုယ်တာချင်း စွန့်စွန့်စားစား စားလည်းရူး ဆက်လက်၍ ဘာအဓိပ္ပါယ်မှ ဆက်လက်၍ မရှိဘူးချည်းပဲလား ဆက်လက်၍ အခွင့်ရေးလေးရဖို့ နာတာဟာ နာတာပဲပေါ့။ ဟားဟားဟား ရယ်တော့ရယ်စရာပဲဟေ့။ သိပ်တော့နားလည်ပုံမပေါ်ဘူး။ စိတ်မကောင်းစရာပဲ။ သူနဲ့ စကားပြောရတာ နည်းနည်းတော့ ရယ်စရာကောင်းတယ်။ ဒါပေမယ့် အခုမရယ်နဲ့ဦး။

 

သိုးထိန်း (အန္တိမ)

Wednesday, April 6, 2011

သက်ဆိုင်ရာ ရှားပါးတိရိစ္ဆာန်များ တိုးချဲ့ပြသသွားရန်

အရှည်၅ပေ ကျော်ကြီးဟာ

တူနာငါးများ အစားထိုးလာနိုင်သည့် ပဲကို

နျူစွမ်းအင်သုံး ၀ါးလုံးတန်းတွေမှာ

စိုက်ပျိုးမှု မြှင့်တင်လျက်ရှိပြီး

အချောသတ် အသံသွင်းယူမှုများ

နည်းနည်းရက်ကြာလာတော့

တိုင်းရင်းသားရိုးရာ ဘေးကင်းဇုန်များ

အိမ်ထဲတွင်သာ နေရမည့်ဇုန်များ

လေကြောင်းဆိုင်ရာ ၀င်ခွင့်တားမြစ်ဇုန်များ

ငလျင်ဇုန်များ

ဆူနာမီဇုန်များ

မဟာသင်္ကြန်ပွဲတော်ဟိုတယ်ဇုန်များ

တစ်ကောင်ပြီးတစ်ကောင် ဇုန်ချဲ့ရေးအတွက်

ရေလေး ခံတွင်းစိုရုံ လိုက်ခံပြီး

လုပ်ဆောင်စရာ မလိုသေးကြောင်း

တချို့လည်း ရိက္ခာနည်းနည်းကျန်တယ်

ရက်နည်းနည်းကြာလာတော့ ရှိတဲ့ရေလေးတွေ

သောက်ရငြားအတွက်

အတွက်အရေကစားမဏ္ဍပ်များ

စနစ်တကျလှိုင်းတွေကြီးပြီး

ဖောင်ချည်ကြိုးတွေ မခံနိုင်တော့ရင်

ဘယ်ကိုဦးတည် ပြုတ်ထွက်ရမှန်းလည်း မသိတော့ဘူး
တချို့လည်း ရိက္ခာမရှိ၊ ရေမရှိနဲ့ မျောနေတယ်

ယင်းဖြစ်စဉ်အရ ဗုဒ္ဓဟူးဂြိုဟ်သည် ကမ္ဘာနှင့် ၅၄ ဒသမ ၆၉ သန်းကွာဝေးပြီး

နက္ခတ်တာရာကြည့်မှန်ပြောင်းနဲ့ ကြည့်မယ်ဆိုရင်တော့

အစေ့ကြီးတယ်…အလေးချိန်မစီးဘူး…

အပင်ကြပ်ပြီး မိုးမိရင် ရိုးမည်းစက်ရောဂါ ကျတတ်တယ်…

ရာသီဒဏ်မခံဘူး…ဒေသခံထက် ဈေးကလည်း လျော့တယ်…

စသည့် မလိုလားအပ်သည့် ပို့ကုန်ကန့်သတ်မှုများဟု

မထူးခြားတာထဲက ထူးခြားမှုတစ်ရပ်လို့

ဆိုလာကိုစတာ အမည်းစက်အနေနဲ့ မြင်တွေ့ရမှာပါ

ဒီနှစ်မှာတော့ လေထုထဲမှာ တိရိစ္ဆာန်သတ္တိကြွမှု

ပျံ့နှံ့တဲ့ အကျိုးဆက်အနေနဲ့ မြေကြီးပေါ်တောင် အိပ်ကြရပါတယ်

ထူးခြားမှုများ အပြင်ဘက်ရှိ ရွာတစ်ရွာတွင်

ပဲပုပ်သည် အစေ့သေး၍ အလေးချိန်စီးလျက် ဥတုဒဏ်ခံပြီး

တစ်ရာသီကာကွယ်ဆေး နှစ်ကြိမ်ခန့်နှင့် ဖြစ်ထွန်းပါတယ်

 

သိုးထိန်း (အန္တိမ)

Friday, April 1, 2011

ကျန်းမာရေးလေ့ကျင့်ခန်း

ငါသွေးဝင်နေတဲ့ဇာတ်လမ်း အဲဒီလမ်းထောင့်မှာ
မင်းသိပြီးသားမြို့နဲ့ ငါတစ်ယောက်တည်းကျန်ခဲ့မှာစိုးလို့
ငါလည်း ငါ့ဘ၀ပါရမီ ဓါတ်ကြီးလေးပါးထဲမှာ
ငါဟာ မင်းလိုနေတာ မြေဆီဩဇာ အဲဒါလား
ခဏဖြစ်ဖြစ် တစ်မိနစ်ပြီးတစ်မိနစ် အန္တရာယ်ရှိရှိ
အဲဒီသစ်သီးကို တစ်ခုခုကို ဧည့်ဝတ်ပြု
ငါညာတာတွေတော့ ရှိတယ် အဓိပ္ပါယ်တွေ ရိုးအီသွားတာ
တစ်ယောက်တစ်ကိုယ်စီ စိတ်လွတ်သလောက်
မီးခိုးလုံးစိမ်းစိမ်းတွေဟာ ကိုယ်လွတ်ပြေးမှု
ငါ့နောက်ဆုံးဆေးလိပ်ပဲ ဒါဟာ
မင်းပြောတာ ငါလို့ လုံးလုံးမရှိသလောက် ပြောပြီးတဲ့အထိ
သေချာလိပ်ပြီးပြန်ထည့်
ခေါင်းထဲထိုးသွင်း/ထွင်း မသိရသေးတဲ့ ဘယ်အထိ
အတိဘာမှမရှိပဲ ကမ္ဘာကြီးလှနေတာ (မျက်စိခဏမှိတ်ထားပြီး)
ဝမ်းသာပျော်ရွှင်စရာ ဖယ်လိုက်တော့ မမြဲဘူးလို့
ရတာပေါ့ သိရဖန်များလည်း (လှုပ်ခါပစ်လိုက်) ဖြစ်တာတွေဟာ
ငါ့နဲ့ဘာမှမဆိုင်ဘူး ရေလိုပဲ ငါးလိုပဲ
လိုက် လိုက် သွား သွား လိုက် သွား လိုက် ကြ
နည်းနည်းမှားယွင်းလာတဲ့အထိ ဝေခွဲမရတဲ့လမ်း
တစ်လမ်းကို တစ်ဇောက်ထိုး ငါ့ကို
ငါ လှန်ပြီး ကိုယ်ရောင်ဖျောက် ဖြတ်ကူးလိုက်တယ်
စကားလုံးတွေပဲ သွေးထွက်တတ်တယ် ဟသွားတတ်တယ်
ချစ်မှုချစ်ခင်းကို တစ်ခန်းမှ တစ်ခန်း တစ်ဘက်နဲ့ တစ်ဘက်
ကြိုးတန်းလန်းနဲ့ တဖြန်းဖြန်းဖြစ်ဖြစ်နေတယ်
ကျောက်တုံးဟာ ကိုယ်လုံးတီးခတ်နေတာဖြစ်တယ်
ဧကန်ကြုံတွေ့ရတော့မယ်လို့ မည်းတက်လာတဲ့ မီးခိုးလုံးကြီး
မီးတောက်မရောက်ခင်မှာပဲ မီးရှူးမီးပန်း
ကျိုးပေါက်ပြီးစီးသွားတဲ့အထိ
တစ်ယောက်ပေါ်တစ်ယောက် လူနဲ့ နာမည်နဲ့ တွဲမမှတ်မိတော့
ဒီတစ်လိုင်းကျော်ပြီးရင် နောက်ပြန်ရစ်ကြည့်
စိတ်အညိအပြဲချင်း ခဏချိတ်တွဲထားကြည့်
ထိုင်းမှိုင်းပုံကိုယ်တိုင်ဟာ ဘာမဆိုလာဆိုက်ကပ်ရတဲ့အထဲ
သင်လည်း မှတ်ဥာဏ်ရာသီဥတုအတိုင်း
ခံစားမှုကိုပြန်ဆက်ထားတာ နံရံမှာကွက်လပ်သွင်းထားပြီး

သိုးထိန်း (အန္တိမ)

မှီး ။ ။
ငါနေတဲ့မြို့နဲ့ ငါဟာ ဇာတ်လမ်းတော့ရှိတယ် (ဇေယျာလင်း)
ဆိုပါစို့ ၊ အချစ်သီချင်းဆိုဖို့ဆိုပါစို့ (ဇေယျာလင်း)
ဘာမှမရှိပဲ ကမ္ဘာကြီးလှနေတာ (ဇေယျာလင်း)
ကဗျာမဟုတ်သောစာသားများတွင် `ကဗျာဖြစ်နိုင်ဖွယ်အလားအလာများ´ တွေ့ရှိ (ဇေယျာလင်း)
အဲဒါလည်းမသိသေးဘူး (ဇေယျာလင်း)