ရှင့်ကို ကျွန်မချစ်တယ်ဆိုတာ လို ချင်တာထက်ပိုတယ်လို့ လို
ရှင်သိတယ်ဟုတ်?
ဝစ္စနှစ်လုံးပေါက်တွေဟာ လိုရာခရီးရဲ့ အပြီးသတ်အမှတ်တွေပဲလေ
အမှတ် A မှ အမှတ် B
အမှတ်ထိလား
မှတ်မိလား
(မမှတ်မိရင် ခရေပွင့်ထပ်တို့ဖို့ လိုမလား)
ကျွန်မကတော့ အမှတ်မရှိဘူး
သတ်မှတ်ချက်ဆိုတာ လူလုပ်တာပဲ
ဒါပေမယ့် လူလုပ်တဲ့အခါမှာ
သတ်မှတ်ချက်တွေကို မေ့လိုက်ပါလို့ ရှင်ပြောတယ်
ကျွန်မအတွက် နိဗ္ဗာန်ရောက်ကြောင်းတရားက
ရှင့်ဆီမှာပဲ အဆင်သင့် ရှိတာ
ဖက်လှဲခြင်းတွေနဲ့ ရှင်ဟာ ကျွန်မရဲ့ Stairway to Heaven
ကျွန်မစွဲလမ်းမှုထဲ ငေါက်တောက်ပန်းထွက်နေတဲ့ တောင်ကျရေ
ကျွန်မကတော့ …
တောင်ကျချောင်းဘေး ရေဝင်ပြေးလှဲ့
ရေအေးကြည်စွာ ကန်ပိုင်မာသည်
ဘုံဝတိံသာ ခါခါပေလောပေါ့
ရှင်ကတော့ အမြဲပြောတယ်
နိဗ္ဗာန်ကိုမလိုဘူး ကြာသာပတေးကိုပဲ လိုတယ်
ရှင့်အတွက်တော့ ကြာသာပတေး ရင်ပြီးရော
အဟောသုခံ ချမ်းသာလေစွ
သွင်းကုန်လည်း ဒါပဲ ထုတ်ကုန်လည်း ဒါပဲ
ဒါပေမယ့် သွင်းမကုန် ထုတ်မကုန်
ရှေ့ရေး နောက်ရေး လည်း တွေးမပူဘူး
ဘာလာလာ ဒေါင်းတယ်ဟုတ်?
သားဆုပန် ကျွန်မအတွက် ရှင်က ဆုကြီးပန်ချစ်သူ
အတော်ဆိုပေမယ့် အဆိုတော်မဖြစ်တဲ့ ကျွန်မ
ဘာကီးနဲ့ ဆိုသလဲ ဆိုတော့ မာစတာကီး
ဘဝရဲ့ ရေဆိုးမြောင်းတွေကို ရေစီးရေလာကောင်းစေသူကြီးငဲ့!
ဒီမှာ ကျွန်မကြယ်သီးတွေ မီးဝင်းဝင်းတောက်နေပြီ
ရေဆင်းပေါက်ကို လွှတ်လိုက်ပါတော့
သိုးထိန်း(အန္တိမ)
ကဗျာက ဖတ်ရင်း ဖတ်ရင်းနဲ့ တစ်ခုခုကို တုန်လှုပ်သွားမိသလိုကြီး ဖြစ်သွားတယ်....ဆက်ဖတ်ရမှာ ကြောက်ကြောက်နဲ့ တစ်ပုဒ်လုံး ပြီးအောင် ဖတ်မိသွားတယ်.......
ReplyDeleteHi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog
ReplyDelete