Saturday, April 23, 2011

လေ့ကျင့်(အချစ်) ခန်းစ (၁) ။ (၂)။ (၃)။ (၄)။ (၅)။

(၁) ။ အိပ်ယာထ ။ ( ၂ ) ။ မျက်နှာသစ် ။ ( ၃ ) သွားတိုက် ။ ( ၄ ) ။ အိပ်ယာသိမ်း ။
( ၅ ) လေ့ကျင့်ခန်းစ ။

လူပဲဗျာ ။ သွေးနဲ့ကိုယ် ။ သားနဲ့ကိုယ်ပဲ ။ တွမ်ခရုစ် ။ မကြိုက်လဲ ။ ပင်နာလိုပီခရုစ်
ကို ပြစ်မှားမိတာ ဘာဆန်းလဲ ။ တကယ်ဆို ။ ဒါဟာ ။ အလွမ်းခန်း ။ နှင်းတွေဝေနေတာ။
ငှက်တွေအော်နေတာ ။ အရုဏ်ဦးမှာ လူးလှိမ့်နေတာဟာ ။ စိတ်အင်ဂျင်ကို ဖွင့်ထား ။
ကြွက်သားတွေကို ဖျော့ထား ။ အသက်ကိုပြင်းပြင်းရှု ။ အဆုတ်ထဲမှာ အောက်ဆီဂျင်တွေ
ပြည့်နေအောင် ဖြည့်ထား ။ ဇတ်လမ်း ။ ပတ်ကြမ်းမတိုက်နဲ့ ။ ကြမ်းပတ်ပတ်လည်မှာ ။
လည်လည်ပတ်ပတ် ဖြန့်ကျက်ထား ။ သတိမေ့နေတယ် ။ အသိထဲမှာ။ တိုက်ပွဲတွေ ။ တိုက်
ပွဲခေါ်သံတွေ ။ သွေးညှီနံ့တွေ ။ ကြမ်းတမ်းတယ် ။ လှိုင်းတံပိုးတွေ ထန်နေတယ် ။
ငါ့ အသွေး ငါ့အသားဟာ ။ ဘဂ္ဂဒက်ပဲ ။ အီရတ်ပဲ ။ တိုက်ချင်းပစ် ဒုံးကျည်ပဲ ။
ကျဉ်ကနဲ ။ ကျင်ကနဲ ။ မီးတောင်ပွက်သလို ။ ဆူပွက်နေတယ် ။ မြောက်ဝင်ရိုးစွန်းမှာ ။ မအေးခဲမှီ။
အလင်းသဲ့သဲ့ ။ အော်သံတွေ ။ ညည်းသံတွေ ။ မြင်းတွေ ပြေးလွှားသလို ။ပန်းတိုင်ဟာ လက်တကမ်း ။
ဟိုဘက်ကမ်း ။ မရောက်ခင် ။ အမောဖြေ ။ ရွက်ပြန်လွှင့် ။ တက်ကုန်ဖွင့်ထား ။ ပြင်သစ်တပ်တွေ။
ဝိုင်းခံထားရတဲ့ ။ မော်စကိုလို ။ ရွပ်ရွပ်ချွံချွံ ။ ခုခံ ။ တောင်ကုန်းပေါ်မှာ ။ ချုသံတွေ ကြားလား ။
Milk ဇတ်ကားထဲက ။ ဇတ်ဝင်ခန်း ။ ရှောင်ပင်းန် ဟာ လိင်တူခြင်း နမ်းပြီး ။ အော်စကာ ယူသွား
လက်ခုပ်သံများ ။ လက်ခုပ်ထဲက ရယ်သံများ ။ လက်ခုပ်ကို စွန်းမယ့် ။ သွေးစက်များ ။ မျက်လုံးဟာ။
မှောင်နေတာ ။ ရီဝေေ၀ရီ ။ ဆေးလိပ်ဖွာချင်လာတယ် ။ ၃၂ ကောဌသ ကမဌန်း ။ အရိုး ။ အကြော ။
အရေ ။ အရွတ်။ ချွဲ ။ သလိပ် ။ ပျစ်နှစ်နေတာ ။ ပျစ်ခဲနေတာဟာ ။ ရောင်နီမလာခင် ။ စိတ်အမှောင် ။
လွန်းပျံယဉ်ပျံမတက်ခင် ။ မီးတဖွားဖွား ။ ဂျိန်းကနဲဂျိုင်းကနဲပါပဲ “ဂျိမ်းစ်” ။ အိမ်ပြန်ကြရအောင်လား
“ဂျိမ်းစ် ” ရေ ။ ပိုးကောင်တွေ ။ ပြေးနေတာ ။ ဖော်ရက်စ်ဂမ့်လိုလား ။ ဖွာလန်ကျဲ ။ တစ်စစီ ။ တပွင့်စီ။
တစ်လွှာစီ ။ ရေစင် ။ ရေပန်း ။ အေးစိမ့် ။ ငြိမ့်ငြိမ်းညောင်းနေပါပြီညိမ်းညိမ်း ။ မပွင့်လဲကြွေ ။ မဝေလဲညွှတ်။
မဆွတ်မှီကခူး နှင့်သူပါ “ဂျိမ်းစ်” ။ ကိုယ့်နာမည် “ဒေစီဂျိမ်းစ် ” ။


(၁) ။ အိပ်ယာထ ။ ( ၂ ) ။ မျက်နှာသစ် ။ ( ၃ ) သွားတိုက် ။ ( ၄ ) ။ အိပ်ယာသိမ်း ။
( ၅ ) အလုပ်သွား ။

မောင်ဖုန်းမြင့်

2 comments:

  1. ကြိုက်ခဲ့တယ်ဗျာ~~


    ဂျစ်ပစီ(မင်းမင်း)

    ReplyDelete
  2. ရဲရင့်လမင်းOctober 29, 2013 at 10:51 PM

    မင်းခိုင်မြဲပြောလို့ ကိုဖုန်းကဗျာကို လာဖတ်သွားတယ်။သစ်တယ် ခိုက်တယ်။

    ReplyDelete

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။