Wednesday, August 5, 2009

နှစ်ယောက်အတူတို့













တကယ်တော့လည်း
မင့်မျက်ရည်တွေက
ငါ့မျက်လုံးက ကျနေတာပါ...

တကယ်တော့လည်း
မင့်တေးတွေကို
ငါ့နှလုံးသွေးနဲ့ ဆိုနေတာပါ...

တကယ်တော့လည်း
မင့်ကဗျာကို
ငါ့လျှာနဲ့ပဲ ရွတ်နေတာပါ...

တကယ်တော့လည်း
မင့်နှလုံးသားက ငါပါ...
ငါ့နှလုံးသားကလည်း မင်းပါ...

(အောင်သာငယ်)

2 comments:

  1. တကယ်တော့လည်း
    မင့်မျက်ရည်တွေက
    ငါ့မျက်လုံးက ကျနေတာပါ...

    (ဘယ်လိုမှ ကျမ မတွေးနိုင်တဲ့ ကဗျာ...)

    ReplyDelete
  2. တကယ်တော့လည်း ဒီကဗျာလေးကို တို့ရင်ဘတ်ကြီးနဲ့ လာခံစားသွားတာပါ။

    ReplyDelete

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။