Thursday, September 24, 2009

ကိုအောင်ဝင်း (ပင်လယ်မဂ္ဂဇင်းအယ်ဒီတာ) အတွက်ဝမ်းနည်းကြေကွဲခြင်း


တေးရေးဆရာ (ဝေးခဲ့ပြီ ပန်းခရမ်းပြာ) ၀တ္ထုတို ဆောင်းပါး များရေးသားခဲ့သူ

ပင်လယ်မဂ္ဂဇင်း (၁၉၉၀ များ) အယ်ဒီတာ ကိုအောင်ဝင်း ခေါ် ကိုနော် ( Art for No Sake) သည်

ယနေ့ (၂၃ စက်တင်ဘာ၂၀၀၉) နံနက်၎း၃၀ အချိန်က ကျောက်ပန်းတောင်းမြို့နေအိမ်တွင်

အသည်းရောဂါဖြင့် ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက်မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်။

ဝတ္ထုတိုပေါင်းချုပ် တအုပ် ထုတ်ဝေရန်စီစဉ်နေဆဲ ယခုလို ကွယ်လွန်သွားခြင်းဟုသိရ။

အနုပညာဓါတ်ခံအားကောင်းသော ကြယ်တပွင့် ကြွေလွင့်ရလေပြီ။


မြေကြီးငဲ့ အထူးဂုဏ်ပြုအပ်သောဧည့်သည်တော်ကြီးအား ကောင်းမွန်စွာ လက္ခံ ပါဖိ

(ယိတ်စ် သို့ အော်ဒင် ၏ ကဗျာမှ)

2 comments:

  1. မိသားစုနှင့်ထပ်တူ
    အပေါင်းအသင်းရောင်းရင်းများနှင့်ထပ်တူ
    ပရိတ်သတ်ကြီးနှင့်ထပ်တူ

    ဝမ်းနည်းကြေကွဲရပါကြောင်း...

    ReplyDelete
  2. အားလုံးနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။ ကြွေလွင့်သွားတဲ့ နောက်ထပ်ကြယ်လေး တစ်ပွင့် ကောင်းရာ သုဂတိလားပါစေဗျာ။။

    ReplyDelete

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။