Wednesday, September 23, 2009

ကဗျာပါးမဝသေးလဲကမ္ဘာသားတွေအကြောင်းက စကြတာပေါ့မိုးလှိုင်ည




မင်းကလဲ မင်းအကြောင်းနဲ့မင်း

ငါကလဲ ငါအကြောင်းနဲ့ငါ

မင်းက တချက်တချက် ဒီလိုထအော်ရင်

ငါ့မှာ ရင်တုန် ပန်းတုန်နဲ့ ကိုယ့်လက်ဖျံရိုး ကိုယ့်ငုံကြည့်နေရ

ငါတို့ဟာ ဗဟုဝါဒ သက်ဝင်ယုံကြည်ကြတာမဟုတ်လား

ကိုယ့်ရဲ့ပျော်ဝင်စီးမှုသဏ္ဍန်အကြောင်းကို

ကျယ်ကျယ်လောင်လောင်မပြောတော့ဘူး

အသစ်အဆန်းဆိုတာ မင်းလဲ မြည်းကြည့်ဘူးပြီပဲကွာ

လျှာပေါ်တင်လိုက်တိုင်းလဲ အရသာတွေ့တာမှမဟုတ်တာ

တံဆိပ်သစ်တွေဟာ ဒီရာစုသစ်ထဲ သိပ်များတဲ့ အဟောင်းထည်တွေ

ကမ္ဘာမြေကြီးဟာ ဝန်ပိုတွေနဲ့ လေးလံလွန်းနေတယ်

ကမ္ဘာမြေတနေရာမှာ မတရားမှုဆိုတာ အသေအချာရှိခဲ့တယ်

ငါတို့ဟာ ဒါတွေကိုလက်ပိုက်ကြည့်နေလိုက်လို့ မဖြစ်ဘူး

မင်းခါးကြားမှာဓါးမြှောင် ငါ့နောက်ကျောမှာက ဆောင်ဓါး

လာ. . ခရီးအတူသွားတာပေါ့

မင်းက ဖေဖော်ဝါရီမှာ သွေးနွေးသလို

ငါကလဲ နိုဝင်ဘာမှာ သွေးဆူလာတတ်တယ်

မိုးထဲရေထဲ သိပ်မသွားနဲ့တော့ကွာ

နာဖျားမှုတွေက ငါ့တို့ဘဝထဲမှာ ပြည့်နှက်နေတာမဟုတ်လား

လေလွင့်မှုတွေအကြောင်း ကိုတော့

ကဗျာမှုပြုမကောင်းတော့ပါဘူး

ကမ္ဘာမြေအတွက် တဖဲ့စာလောက်ဖြစ်ဖြစ် ငိုကြွေးပြီး

အတ္တာဟိ အတ္တနော နာထော

မိမိကိုယ်သာကိုးကွယ်ရာဖြစ်တယ်ဆိုတဲ့အကြောင်းကို

ခေတ်ရေစီးကြောင်းထဲ ကြွေးကြော်ရအောင်



ဖုန်းမြင့်

(22.09.2009)

1 comment:

  1. ခေတ်ရေစီးကြောင်းထဲ ကြွေးကြော်မဲ့ မိမိကိုယ်သာကိုးကွယ်ရာဖြစ်တယ် ဆိုတဲ့ အကြောင်းလေး အာပေးဖို့မျှော်နေပါတယ်။ ဟိဟိ
    ခင်မင်စွာ စနောက်သွားပါတယ်။
    ကဗျာလေး ကောင်းတယ်ဗျိုးးးးးးးး

    ReplyDelete

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။