မောင်ချောနွယ် ချန်ထားတဲ့ အရက် ၊ အောင်ခင်မြင့်
(ကောက်နှုတ်ချက်)
မောင်ချောနွယ်ဟာ အော်ဂလီဆန်မှုနဲ့ အလွမ်းကို အချိုးကျစွာ ရောစပ်ပြီး ထုတ်လုပ်ခဲ့သူပါ။ သူ ထုတ်လုပ်ဖန်တီးခဲ့တဲ့ တောအရက်ဟာ ကျွန်တော်တို့ရဲ့အသဲကို ထိခိုက်ပျက်စီးစေမှန်း သိပေမယ့် အင်မတန်ချိုမွှေးနေတော့ကာ ခင်ဗျားတို့ကျွန်တော်တို့ မသောက်ပဲ မနေနိုင်ခဲ့ကြဘူး။ တကယ်တော့ မောင်ချောနွယ်တိုက်တဲ့တောအရက်ဟာ ပြင်သစ်ဝိုင်ကောင်းကောင်းတခွက်
များစွာ ကူးချည်သန်းချည် ပြုခဲ့တယ်။ သူဟာ မြန်မာပြည်ရဲ့ လှပတဲ့ တောမြို့ကလေးတွေဆီ
ရောက်ရှိခဲ့တယ်။ သူဟာ ပါရီကိုရောက်ခဲ့တယ်။ ဗင်းနစ်ကို ရောက်ခဲ့တယ်။ တောင်တန်းတွေဆီ ရောက်ခဲ့သလို တိမ်တွေဆီလည်း ရောက်ခဲ့တယ်။
………………………………………..
မောင်ချောနွယ်ဟာ လူတွေကို မြို့တွေကို လောကကြီးကို ဘ၀ကို အငမ်းမရ ဖတ်ရှုခံစားခဲ့သူပါ။
သူဟာ ဘယ်ဝါဒမှ မစွန်းထင်းတဲ့၊ ပြီး..ဘာနဲ့မှလည်း မလွတ်ကင်းတဲ့ လူသားဝါဒီ ကဗျာဆရာ ဖြစ်တယ်။
အဲ ဒိတော့ လူတယောက်ရဲ့ဘ၀မှာ တွေ့ရတတ်တဲ့ ဒုက္ခတွေ ငြိမ်းချမ်းတဲ့ အခိုက်အတံ့တွေကို သူ့ကဗျာ
ရေစီးကြောင်းထဲမှာ တွေ့မြင်နေရပါတယ်။ အဲဒီ ကဗျာစမ်းချောင်းလေးကနေ ထွက်ပေါ်လာတဲ့ လူ့အဖြစ်ရဲ့
နာကျင်မှု ဂီတသံကိုလည်း ကျွန်တော်တို့ ဆွတ်ပျံ့ကြည်နူးဖွယ် ကြားနေရပါတယ်။
…………………………………………..
မောင်ချောနွယ် တစ္ဆေကဖေးမှာ ထိုင်နေပါတယ်။ ဘိုင်ရွန်တို့၊ ရှယ်လီတို့၊ ကိ(တ်)စ်တို့က ထိုင်နေ
တာ ကြာလှပေါ့။ ရှေးကျတဲ့ အ၀တ်အစားတွေနဲ့။ ဟိုး ချောင်ကျကျ စားပွဲတခုမှာ ဗန်ဂိုး။ သူကနားရွက်
တဖက် မရှိဘူး။ မျက်လုံးတွေက ရူးနေတဲ့ မျက်လုံးတွေ။ အလွန်ပြင်းထန်တဲ့ မျက်လုံးတွေ။ စားပွဲတလုံးမှာက
မြို့မငြိမ်း။ ခေါင်းမှာ ဒဏ်ရာကြီးနဲ့။ နောက်တနေရာမှာက ပေါ်ဦးသက် စီးကရက်မီးခိုးတွေကြားမှာ။ နောက်ဆုံး ရောက်လာခဲ့တာက မောင်ချောနွယ်ပါ။ သူဟာ လွတ်နေတဲ့ စားပွဲတခုမှာ ခပ်အေးအေးလေး ထိုင်
လို့။ ရှပ်အကျီင်္ အဖြူနွမ်းနွမ်းလေးရယ်၊ နေစားနေတဲ့ပုဆိုးလေးရယ်နဲ့ပေါ့။ အင်မတန် သက်သောင့်သက်သာ
ရှိတဲ့ ပုံစံနဲ့ ထိုင်နေပါတယ်။ နွားဆေးပေါ့လိပ်လေးလဲ ဖွာလို့။ ပြီးမှ.. လွယ်အိတ်ထဲက ပုလင်းလေးတလုံး ထုတ်လိုက်တယ်။ သူကြိုက်တဲ့ တောအရက် ပုလင်းလေးပေါ့။
……………………………………………..
မောင်ချောနွယ်ဟာ မော်ဒန်ကဗျာလမ်းခရီးရဲ့အစမှာ မားမားမတ်မတ် ရပ်နေတဲ့ ကြေးရုပ်ကြီးအဖြစ်
ကျန်ခဲ့မှာပါ။ သူဟာမော်ဒန်မဟုတ်ဘူးလို့ ခင်ဗျားတို့ ငြင်းကောင်းငြင်းလိမ့်မယ်။ ဒါပေမယ့် ပြင်သစ်ကဗျာမှာ
ဘို့ဒလဲယားဟာ မော်ဒန်ဖြစ်သလို မြန်မာ ကဗျာမှာ မောင်ချောနွယ်ဟာ မော်ဒန်ဖြစ်ကြောင်း ခင်ဗျားတို့ ငြင်း
မရဘူးဆိုတာ အလွန်သေချာပါတယ်။
(အောင်ခင်မြင့်၊ ခေတ်ပြိုင် မြန်မာကဗျာကို ချဉ်းကပ်ခြင်း စာအုပ်မှ ကူးယူဖော်ပြသည်)
No comments:
Post a Comment
ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။