Thursday, August 20, 2009

မနေ့ကမိုးရွာတယ် ကိုခင်အောင်အေး


သေမင်းဟာ စာမှန်မှန်ရေးတယ်

ငါတို့နေ့တိုင်းဖတ်ရတယ်၊ နာရေးကြော်ငြာတွေ

သေမင်းဟာ မိတ်ဆက်စာတွေလဲ ခဏခဏရေးတယ်

ခွဲစိတ်ခန်းထဲက လူနာတွေဆီကိုပေါ့

သေမင်းဟာပျော်ပျော်နေတတ်တယ်

အရက်ဆိုင်ထဲက သီချင်းအော်ဆိုနေတဲ့သူ့အသံဟာ

အကျယ်လောင်ဆုံးပဲ

သေမင်းဟာဉာဏ်ကောင်းတယ်

ဒါကြောင့်လဲ ဘာသာစကားတွေအများကြီးတတ်ကျွမ်းတာပေါ့

သေမင်းဟာ ကတိတည်တယ်

သေချာစွာ ချိန်းဆိုထားတဲ့အတိုင်းသူ

ရောက်လာလေ့ရှိတယ်

သေမင်းဟာခရီးသည်ကြီးပေါ့

မြို့တကာ ရွာတကာ သူလှည့်လည်လေ့ရှိတယ်

ရှိသမျှပျော်ရွင်မှုလေးကို

ခွဲဝေသုံးစွဲနေကြတဲ့ ငါတို့ကမ္ဘာလေးထဲ

သူအလည်လာခဲ့ဘူးတယ်

အဲ့ဒီနေ့ကအဖြစ်အပျက်ကို ငါတို့

ဘယ်တော့မှ မေ့မရ။

မီးသွေးတစ်အိတ်နဲ့ပဲ

ဆောင်းတွင်းကိုငါတို့

ကျော်ဖြတ်လာနိုင်ခဲ့ကြတယ်

ဘယ်တော့မှ မရိုးနိုင်တဲ့မင်းအကြောင်းကို

ပြောလို့။

နောက်ထပ် ကြေကွဲစရာမရှိအောင်

ကြေကွဲခဲ့ဖူးသူတစ်ယောက်ဟာ

ကမ္ဘာမြေကိုအကောင်းမြင်နိုင်အောင်

ကြိုးစားကြည့်ခဲ့ပါတယ်၊ နည်းနည်းပဲဖြစ်ဖြစ်။

ကဗျာကိုသွယ်ဝိုက်ပြီးမရေးတော့ဘူးလို့

နောက်တစ်ကြိမ်ဆုံးဖြတ်မိတယ်။

သေမင်းရေမလာပါနဲ့ဦး ပြောချင်ရဲ့

ငါ ကဗျာတွေရေးရဦးမယ်ကွဲ့။ ။



နေမျိုး

ဟန်သစ်မဂ္ဂဇင်း

အမှတ်(၆)၊ မေလ ၂၀၀၇

1 comment:

  1. သိပ်ကောင်းတဲ့ကဗျာလေးဗျာ။။။။။
    သမီးလဲ ရေးလိုက်ချင်တယ်။
    သေမင်းရေ... မလာပါနဲ့ဦးဟ
    တို့  ကဗျာတွေ လိုက်ဖတ်ရဦးမယ်လေ။
    ဟိဟိ။။။။ အရသာရှိတဲ့ ကဗျာတွေ ဖတ်ရတာ အရမ်းပျော်တယ်။
    ကျေးဇူးပါ အဝေးရောက်ပင်လယ်ရေ.....

    ReplyDelete

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။