Tuesday, August 18, 2009

အနီးကပ်ပင်လယ်




အနီးကပ်ပင်လယ်


ကြားလား….
ဟိုမှာ.. မိုးကုပ်စက်ဝိုင်းရဲ့ခေါ်သံ ကြားသလား…။

စင်ရော်တွေ ကစဥ့်ကလျားထပျံကြ
ခရုတွေ ကယုကယင် မပြေးလွှားနိုင်တော့
ကျောက်ဆောင်တောင် ကြောက်လန့်တုန်ခါနေရတယ်။

ပင်လယ်က ငိုကြီးချက်မ မျက်ရည်လည်ရွဲ စိုရွှဲနေတယ်
ပင်လယ်က မြစ်တစ်စင်းကို အူယားဖားယား တအားလှမ်းဆွဲထားရတယ်
ပင်လယ်က တိမ်တွေထိုးထားတဲ့ နီဝါရောင်ဆလိုက်တွေအောက် မှောက်ရက်လဲတယ်
ပင်လယ်က လရောင်ကို အုန်းလက်ကိုင်းဖျားနဲ့ ချိတ်ရုံလေး ချိတ်ထားနိုင်တော့တယ်
ပင်လယ်က ရေပြင်ပေါ်ကချော်ကျ သန္တာတန်းတွေကြား ပြတ်ရွေ့သွားတော့မယ်
ပင်လယ်က ငါ့နောက်ကျောကို အသွားနက်နက်လှိုင်းတွေနဲ့ ၀ုန်းကနဲ ထိုးစိုက်လိုက်တော့မယ်။

ပန်ဒိုရာ

(အကြောင်းကြောင်းကြောင့် ကဗျာကို frame ပြန်ပြင်လိုက်ပါတယ်။ မှတ်ချက်များနဲ့တော့ မဆိုင်ပါ။ နောက်ထပ်မှတ်ချက် လက်မခံတော့ပါ။ 21 August 2009 )

11 comments:

  1. လှလိုက်တဲ့ ပင်လယ်...ပန်ပန်ရေ...

    လှလိုက်တာ....

    လှ တတ် လိုက် တာ...

    အိန္ဒြာ

    ReplyDelete
  2. လှတယ်အစ်မပန်ရေ...

    yu ya

    ReplyDelete
  3. အဲဒီ့ပင်လယ်ပေါ့ လေလှိုင်းကိုခြုံရင်း ကောင်းကင်ရဲ့ရင်အုံကြားမှာ အိပ်စက်နေခဲ့တာ။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  4. စာသားတွေက သွက်လက် ချက်ချာလွန်းပါလား အစ်မရယ် သိပ်ကောင်းတာပဲ သိပ်ကောင်းတာပဲ
    :D
    မောင်ငယ် ရန်ကုန်သား

    ReplyDelete
  5. မျက်ရည်လယ်ရွဲ စိုရွှဲနေတဲ့ပင်လယ်
    မြစ်တစင်းကို အူယားဖားယားလှမ်းဆွဲထားရတဲ့ပင်လယ်.တဲ့လား မပန်ဒို.

    ခင်တဲ့
    မိုးစဲနေ.

    ReplyDelete
  6. မမရေ
    ပင်လယ်လေးကို ပုံဖော်ထားတဲ့စာသားလေးတွေက အရမ်းထိတယ်။
    မမရဲ့ ကဗျာလှလှလေးကို သေချာခံစားသွားပါတယ်။

    နှင်း

    ReplyDelete
  7. ဟင့်ဟင့်
    သမီးနောက်ကျတယ်နော်။
    လေးနက်လွန်းတဲ့ ကဗျာအိမ်လေးတွေ ဖြစ်တဲ့ အဝေးရောက်ပင်လယ်ကနေ၊ အနီးကပ်ပင်လယ်ကို အဝေးရောက်ကောင်မလေးတစ်ယောက် အနီးကပ်လာ ရောက်လည်ပတ်သွားပါတယ်နော်။
    အောင်မြင်ပျော်ရွှင်ပါစေမရေ....

    ReplyDelete
  8. ခရုတွေ ကယုကယင် မပြေးလွှားနိုင်တော့ ဆိုတာ လှတယ်။
    ပေါက်ပေါက်ရှာရှာ လှတယ်။

    ReplyDelete
  9. စကားလုံးသုံးထားတာတွေ အရမ်းလှပါ့..
    ပင်လယ်ရဲ့ ဒဏ်ရာတွေ အကြီးအကျယ် ချပြထားပြီးမှ
    ဝုန်းဆို ငါ ဆိုတာ ဝင်ဆောင့်လိုက်တာ ပေါ့သွားသလိုပဲ..
    ကျနော်အထင်တော့ ဇတ်ရုပ်နှစ်ခုကို အားပြိုင်ဖို့ အဲဒီငါကို
    တစ်ပိုဒ်လောက် မွှန်းစေချင်တယ်...
    ဆရာမ ရဲ့ ပုံမှန်လက်က အပိတ်လေးတွေ ပိုလှတတ်တာ
    ဒီကဗျာက ဘာလို့ အပိတ်အားပျော့သွားလဲမသိဘူး..
    ကျနော်လောဘ ကြီးတာဖြစ်မယ်ထင်တယ်..
    ဘာဖြစ်ဖြစ် ဒါဟာ တော်တော်လေးကောင်းတဲ့ ကဗျာတပုဒ်ပါ
    ကျနော်ဆို ရေးတတ်မှာမဟုတ်ဘူး...
    လေးစားစွာဖြင့်

    ReplyDelete
  10. ဒီဘက်အထိ လိုက်လံအားပေး မှတ်ချက်ရေးသူတွေ ကျေးဇူးပါ။

    ကိုမင်းသုခ မှတ်ချက်အတွက် ကျေးဇူးတင်တယ်။ ကျနော်လည်း စိတ်ထဲမှာ ထင်တော့ထင်ပါတယ်။

    ReplyDelete
  11. ကဗျာလေးဖတ်လိုက်ရတာ...
    တော်တော်ကောင်းတယ်...
    သူများတွေလိုတော့ မပြောတက်တော့ဘူး..
    အတော်လေးကိုကောင်းပါတယ်အစ်မရေ..

    ReplyDelete