Friday, July 31, 2009

ကျီးတကောင်လာနားစဉ်

တွယ်ငင်စိတ်မဲ့ဆောင်းတာရှည်

နွမ်းရော်ချိန်မြင်ကွင်းစိတ်မှောင်လောင်ကျွမ်း

နေလှန်းထားတဲ့နေလောင်မှုအပိတ်ချိုင့်ဝှမ်း

နာတာရှည်တယောမျောနေတဲ့အသံ

ဝန်တင်လားတကောင်ရဲ့နာရီပျက်လက်တံ

မျက်ကွယ်မီးအိမ်ထဲဥဩတို့တွန်ကျုးရွက်ကြွေဘွဲ့

နေ့တချို့ကိုမီးရှို့ရာမှမြေဆွေးညတို့အော်သံ

စုန်းမအိုရဲ့ဆွေးမြေ့ဖွယ်ပြာမှိုင်းတဲ့တောက်စားမှု

ဟုတ်ယောင်ထင်ခြင်းတြိဂံကြွင်းစများ

လူ့ဘဝလက်ရန်းပေါ်ကျီးတကောင်လာနားစဉ်


(၂၃.မေလ.၂၀၀၆)

သစ်ကောင်းအိမ်

2 comments:

  1. အစ်ကို့ ကဗျာ မျှော်နေတာဗျ :)
    ကျေးဇူးပါဗျာ ....

    ReplyDelete
  2. အဲ
    ဒါလဲ ကောင်းတာပဲ။
    ဒုက္ခပဲ။ ဒီအိမ်မှာ ရှိတဲ့သူတွေက ဘယ်မှော်နဲ့များ ဓါတ်ကျပြီး ၀င်စားကြပါလိမ့်။ ကလောင်က ဓါးသွားထက်စွမ်းနေကြတယ်။ ကြည့်ရတာ စာပေ တန်ခိုးရှင်တွေများလားမသိ။ =)

    ReplyDelete

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။