Tuesday, July 28, 2009

နှစ်ယောက်

“မနက်စောစောလမ်းလျှောက်ခြင်းကို

မင်းယုံကြည်သလား” လို့

ပြူတင်းပေါက်ကမေးလိုက်တယ်။

တွေဝေစိတ်နဲ့

လှည့်ကြည့်လိုက်တော့

ကြည်လင်တဲ့မှန်ခြောက်ချပ်ကို

ဖြတ်ပြီး

တိမ်ညိုတွေဟာ

ချိန်းထားသူရှိနေသလို

သွားနေတာတွေ့လိုက်တယ်။

“မင်းဟာ အကြင်နာကို

တောင့်တနေသလား” လို့

ခေါင်မိုးကမေးလိုက်တယ်။

စိတ်က

ခေါင်မိုးဆီရောက်သွားတော့

ခေါင်မိုးပေါ်မှာမိုး

တဖျောက်ဖျောက်ကျနေတာကို

ကြားရတယ်။

တကယ်တော့

ကျနော်ဟာ ကုတင်ပေါ်မှာ

အိပ်နေတာမဟုတ်ဘဲ

ရုံးခန်းတခုရဲ့ စားပွဲပေါ်မှာ

အိပ်နေတာပါ။ ။

ခင်ဝမ်း

၂၄ ၊ ၈ ၊ ၉၃

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။