Wednesday, July 29, 2009

အဝေးရောက်ပင်လယ်

သွားလေရာမှာ
အလွမ်းထန်တဲ့အချိန်တွေများဆို

အင်္ကျီအိတ်ကပ်ထဲက ထုတ်ပြီး
ပင်လယ်ကို နမ်းရှုံ့ရတယ်။


မျက်ရည်နဲ့ ခဲကျက်သွားတဲ့
ဆားပွင့်တွေ
တလက်လက် ထွက်ကျတော့
ပင်လယ်ဟာ ငန်ပျရတယ်


ခရုတလုံး
အုန်းပင်တပင်
စင်ရော်တကောင်နဲ့
လှောင်ပိတ်ထားတဲ့ မုတ်သုန်လေလည်း
ရာသီပြောင်းချိန်ကိုစောင့်နေတုန်းပဲ


ကမ်းခြေကိုမရောက်မချင်း
ရင်ဘတ်ထဲ လွယ်ပိုးထားရတဲ့ပင်လယ်
လှိုင်းပုတ်သံတွေလှုပ်နှိုးလို့
ညတွေမှာ အိပ်မရတဲ့အခါ
လမင်းကို ရေဆင်းသောက်စေချင်ခဲ့တာပါ


ပန်ဒိုရာ

5 comments:

  1. ဆားပွင့်တွေမှုန်နေတဲ့
    မုတ်သုန်လေ...
    ကမ်းခြေရာက်ဖို့ စောင့်ဆဲကို...

    ReplyDelete
  2. ဗျိုးးးးးးးး တော်တော်ပြောင်မြောက်တာပဲနော်။
    လမင်းလေးက ငန်လို့ တဲ့ သောက်ဖူးဆိုပဲ။ ဟိဟိ
    ခင်၍လာနောက်သွားကြောင်းးးး
    အရမ်းကောင်းတယ် တကယ်။
    ပျော်ရွှင်ပါစေနော်။

    ReplyDelete
  3. လမင်းလေးကို ရေဆင်းသောက်စေချင်သေးတယ်..
    ချစ်စရာ ကဗျာလေးပါ...
    ကမ်းခြေကို မြန်မြန်ရောက်ပါစေ

    ReplyDelete
  4. အား...လက်လက်ကိုထနေတာပဲ
    လုံးဝ ရေမရောတဲ့ မော်ဒန်စစ်စစ်လေး
    ပြချင်တဲ့ နိမိတ်တွေကို ဖြစ်နိုင်ခြေမရှိတဲ့
    စကားလုံးတွေထုပ်ပိုးပြီး သယ်သွားတာ
    အရမ်းလှတယ်ဗျာ..
    မှော်ဆရာ တစ်ယောက်ရဲ့ လက်ထဲက ကမ္ဘာကြီးကို ကြည့်ရသလို
    အသေးစိတ် အနီးကပ်မြင်လိုက်ရသလိုပဲ
    ဒီ ရက်ပိုင်းဖတ်ရတဲ့ ကဗျာတွေထဲမှာ...အကြိုက်ဆုံးပါ၊၊

    ReplyDelete
  5. ကိုမင်းသုခ ပြောမှ အံ့သြပြီး ကိုယ့်ကဗျာကို ကိုယ်သေသေချာချာပြန်ဖတ်မိတယ်..
    ကဗျာဆိုတာ ဘယ်နေရာမှာလဲဆိုတာ ကိုယ့်ဘာသာ ဖော်မြူလာ နိဿရည်း သီအိုရီ သဲလွန်စ ကောက်ကြောင်း ရှာမရ။
    သေချာတာကတော့ အများကြီးဆက်ရေးရမယ် ဆိုတာပဲ။

    ReplyDelete

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။