ကဗျာနဲ့ ပတ်သက်လို့ အယူအဆ တခုဟာ ကဗျာရေးသူနဲ့ကဗျာဖတ်သူ သိပ်မကွာဝေးဘို့၊
ကဗျာရေးသူဟာ ကဗျာဖတ်သူရှေ့ ခြေလှမ်းသိပ်မကျဲဖို့၊ ကဗျာရေး
သူနဲ့ ကဗျာဖတ်သူ တတ်နိုင်သ၍ ကဗျာအပေါ် အကွာအဝေး နီးစပ်နိုင်သမျှ နီးစပ်ဖို့ ဖြစ်ပါတယ်၊
ဘယ်အယူအဆမဆိုဟာ သူပေါက်ဖွားရာဆက်စပ်ဝန်းကျင် အနေအထား
နဲ့ အမှန်တရားနီးပါး ခိုင်မာချင်သလောက် ခိုင်မာလို့ရပါတယ်။ ဒါပေမယ့်..ကျွန်တော်
ဆန့်ကျင်ဘက်က တွေးကြည့်ပါတယ်။
ပထမဆုံး အချက်က ကဗျာနဲ့ ကဗျာရေးသူအကွာအဝေး။ အကယ်၍ ကဗျာနဲ့
ကဗျာရေးသူကြား အကွာအဝေး မရှိသလောက် နည်းပါးတယ်ဆိုရင်.. ကဗျာဆိုတဲ့
ဆန်းသစ်ခြင်း၊ လန်းဆန်းခြင်း၊ ရုတ်တရက် သစ်ဆန်းလို့ စိမ်းခြင်းဆိုတဲ့ အဓိပ္ပါယ်တွေ
မပျောက်ကွယ်သည့်တိုင်အောင် လျော့ရဲသွားမှာ ဖြစ်ပါတယ်။ ကဗျာရေးသူဟာ ကဗျာ
ရေးခြင်းအပေါ်မှာ မရောက်ဖူးသော အရပ်တခု ရှာဖွေခြင်းအလုပ် မလုပ်တော့ပဲ
အလွယ်တကူ ရောက်ပြီးသားအရပ်ကိုပဲ လွယ်လင့်တကူအထပ်ထပ်အခါခါ ဆက်သွား
နေမှာပဲ ဖြစ်ပါတယ်။
ဥပမာ….အကယ်၍ ကဗျာရေးသူ အကြိမ်ကြိမ်အဖန်ဖန် ရောက်ဖူးပြီးသား အ
ရပ်ဒေသကိုသာ ထပ်ဖန်တလဲလဲ မငြီးမငွေ့ ပြန်ရေးဖွဲ့ပြနေရင် ကဗျာဖတ်သူအတွက်
အကျိုးဘယ်လောက်ရှိမလဲ။ အကယ်၍ အဲဒီကဗျာရေးသူရဲ့ မရိုးမအီ အဲဒီနေရာကို
ကဗျာဖတ်သူတွေထဲက ရောက်ရှိဖူးရုံတင်မက နယ်ပယ်သစ်တွေအထိ ဆက်စမ်း သွား
နေကြပြီ ဆိုရင်ကော။ ကဗျာရေးသူရဲ့ အသစ်ရှာဖွေခြင်းဆိုတဲ့ကဗျာအလုပ် ကျင်လည်
ရာ အရပ်ဒေသမှာပဲ မျက်လုံးကလေး ကလယ်ကလယ်နဲ့ မသေမရှင် ကျောက်ဖြစ်ရုပ်
ကြွင်း ဖြစ်သွားမှာပါပဲ။
ဒုတိယက…ကဗျာဖတ်သူနဲ့အကွာအဝေး။ “ကဗျာဖတ်သူ“ ဆိုတဲ့ အသုံးအနှုံး
ဟာ အားလုံးသဘောတူ လက်ခံထားတဲ့၊ အငြင်းပွားဖွယ်ရာ လုံးဝမရှိတဲ့ အ သုံးလုံး
ကျေပြီးသူအတွက် ရှင်းလင်းတဲ့စကားလုံးမဟုတ်ဘူးဆိုတာ ဦးစွာသတိချပ်သင့်ပါတယ်
ကဗျာဖတ်သူတွေထဲမှာ အသက်အရွယ်၊ ရင့်ကျက်မှု၊ ကဗျာဖတ်ခြင်း အတွေ့အကြုံ
ကဗျာဖတ်ခြင်းအပေါ် သဘောထားပုံ၊ သိ၍သော်လည်းကောင်း၊ မသိ၍သော်လည်း
ကောင်း၊ ကဗျာအပေါ် သဘောထားပုံ၊ ကဗျာရဲ့ အကျယ်အ၀န်းနဲ့ အတိမ်အနက်၊
ဘယ်၍ဘယ်မျှ ထောက်ရှုထားပုံ စသည်ဖြင့် အမျိုးမျိုး အစားစား ကွဲပြားနေမှာဖြစ်
ပါတယ်။
အဲသလို အမျိုးမျိုး အစားစား ကွဲပြားတဲ့ ကဗျာဖတ် ပရိသတ်ထုကြီးကို၊
“ ပြည်သူ” ဆိုတဲ့ စကားလုံးကို အလွယ်တကူ တစုတဝေး အဓိပ္ပါယ်မတပ်ဘို့ အရေး
ကြီးပါတယ်။ ‘လေးလုံးစပ်ကဗျာ’ကိုမှကဗျာထင်တဲ့သှူ‘ ခေတ်ပေါ်ကဗျာ’ကိုမှကဗျာထင်
တဲ့သူ၊ အလွယ်တကူ ဖတ်ရှုနားလည်ပြီး ဆိုလိုရင်းအကြောင်းအသိထဲ ဒိုင်းကနဲရောက်
သွားမှ ကဗျာလို့ ထင်မှတ်ထားတဲ့သူ၊ ခံစားချက်ပါမှ ကဗျာဖြစ်တယ်လို့ မှတ်ယူထား
တဲ့သူ စသဖြင့် ကွဲပြားမှုကိုယ်တိုင်ဟာ ကဗျာနဲ့ ကဗျာဖတ်သူကြား အကွာအဝေးတွေ
အလိုလို ဖြစ်ခဲ့ပြီး၊ ဖြစ်နေလျက်၊ ဖြစ်နေဆဲ..ဖြစ်ပါတယ်။ ဒါဟာ ကဗျာနဲ့ ကဗျာဖတ်သူ
ကြား လက်ဦးမဆွကတည်းက ရှိခဲ့ပြီးတဲ့ အကွာအဝေးဖြစ်ပါတယ်။ ဒီအကွာအဝေးကို
ဘယ်ကဗျာဆရာက ဘယ်လိုချုံ့ပေးကြမှာလဲ။
တတိယအချက်က…ကဗျာအပါအ၀င်အနုပညာဆိုတာရှိပြီးသားကို ပြန်လည်
ထင်ဟပ်ပြတာလား။ ဒါမှမဟုတ် ရှိတန်ခြေ၊ ဖြစ်တန်ခြေ တွေကို ရှေ့က လမ်းထွင်သွား
တာလား။ ဒါဟာမိမိကိုယ်မိမိကဗျာဆရာလို့ ရိုသေလေးစားစွာ၊သစ္စာရှိစွာမကွယ်မ၀ှက်
ကဗျာဟာ နိုင်ငံရေး လက်အောက်ခံ၊ ကဗျာဟာ ပြည်သူကို အကျိုးပြုရင်၊ ကဗျာနဲ့
ပြည်သူတသားထဲ၊ ဆိုတဲ့ အယူအဆတွေနဲ့ ထိပ်တိုက်တွေ့ရတော့တာပဲ ဖြစ်ပါတယ်။
ဒီအထဲမှာ မီဒီယာ လှုံ့ဆော်မှုတွေ၊ အုပ်စုဖွဲ့ စုရုံး အင်အားသုံးမှုတွေ၊
‘ရေးသက’် ၊ ‘သမ္ဘာ ‘၊ ‘ဘ၀မှာ မည်ရွေ့မည်မျှ အဆုံးရှုံးခံဘူးတာ..‘ စသဖြင့် တွေနဲ့ မိမိကိုယ်မိမိ
သူရဲကောင်းလုပ်ပြီး တပည့်မွေးတာ၊ …………တွေဟာလည်း ရှိဖူး၊ ရှိဆဲ၊ ရှိလတ္တံ့ပေါ့။
ဒါပေမယ့်.. မိမိကိုယ်မိမိ မကြုံစဖူး အရေခွံနွှာ ရဲရဲမေးလိုက်ပါ။ အဲဒါ……
ကဗျာရေးခြင်းအလုပ်လား။
နိဂုံးချုပ်ရရင်..ကျွန်တော့်ပုဂ္ဂလိကအမြင်အားဖြင့် ကဗျာရေးသူနဲ့ ကဗျာအကွာ
အဝေးဟာ ရှိကို ရှိနေမှာပဲ။ ကဗျာဖတ်သူနဲ့ ကဗျာ အကွာအဝေးဟာ ရှိကိုရှိ နေမှာပဲ။
ကဗျာရေးသူ အနေနဲ့ မိမိကဗျာအလုပ်ကို မိမိ လုပ်ခြင်းကသာလျင် မိမိရဲ့ အလုပ်
အပေါ် သစ္စာရှိခြင်းလို့သာ ကျွန်တော်မြင်ပါတယ်။
ဇေယျာလင်း
၅ ဇူလိုင် ၂၀၀၇
ကဗျာ ဘ၀ ရှာတော်ပုံ စာအုပ်မှ ကူးယူဖော်ပြသည်