Tuesday, July 13, 2010
လျှာ
Monday, July 5, 2010
သမုဒ္ဒရာ
Friday, June 25, 2010
နောက်ထပ်အမျိုးအမည်မသိယာဉ်တစ်စီး
ပထမဆုံးတွေ့ရှိသူက ၂၀ရာစုအလယ်ပိုင်းသား
တောင်ပေါ်မြို့လေးက စက်ပြင်ဆရာတစ်ဦးပါ
သူက ဆံပင်အရှည် မုတ်ဆိတ်မွှေးအရှည်နဲ့
ဝပ်ရှော့ဝတ်စုံကို အမြဲတစေ၀တ်ဆင်ထားတတ်သူလို့ဒေသခံတွေပြောပြပါတယ်..။
နောက်တော့ ပဟေဠိတစ်ခုလိုအဲဒီမြို့ မှာကျန်ခဲ့တယ်
သူ့ကိုနာဆာက ခေါ်ယူသွားသလို ပင်တဂွန်ကပဲ ထိန်းသိမ်းထားသလို
အထူးအေးဂျင့်စ်တွေက ပဲ အစဖျောက်လိုက်သလို...
ယာဉ်ရဲ့ ထူးခြားချက်က အခြား အမျိုးအမည်မသိယာဉ်တွေလို
ရပ်နားထားတဲ့နေရာမှာ မီးကျွမ်းထားတဲ့ စက်ဝိုင်း
ဒါမှမဟုတ်လေးထောင့်လက်တံသုံးချောင်းထောက်ပုံစံမျိုး
မြေပြင်မှာ ထင်ရှားတွေ့ရတာမျိုးမရှိဘူး..
အဲဒီအချိန်မှာ စစ်အေးက အရှိန်ရနေတော့
တောင်ပေါ်မြို့ကလေးမှာ.. ထောက်လှမ်းရေးတွေ ခြေချင်းလိမ်ကုန်တယ်
တခြားဂြိုလ်တွေပေါ်မှာနေထိုင်တဲ့ သက်ရှိတွေနဲ့ ဆက်သွယ်ရန်ကြိုးပမ်းချက်တွေဟာ
လူသားတွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ စတီဖင်ဟော့ကင်း
သတိပေးစကားဆိုနေပါတယ်…။
ဈေးကွက်ဘောဂဗဒသမားတွေကတော့
ရူပဗေဒပညာရှင်ရဲ့ စကားကို နားဝင်မှာမဟုတ်ပါဘူး..
အဲဒီယာဉ်ကို ပြန်လည်လေ့လာဖို့ နှစ်ပေါင်းသုံးဆယ်ကြာပြီးမှာဆုံးဖြတ်ချက်ချလိုက်တယ်
သမ္မတနစ်ဆင်က အဲဒီယာဉ်ပျံနဲ့ စစ်ရေးပြဖို့ နှစ်ကြိမ်တိတိကြိုးစားခဲ့တယ်လို့
အတည်မပြုနိုင်တဲ့ သတင်းတွေက တချို့ကဆိုပါတယ်..
ဘာလင်တံတိုင်းပြိုကျချိန်မှာ ဂိုဘာချော့ခ် အိပ်ပျော်နေပါတယ်
စီအိုင်အေ အဲဒီအချိန်အထိ ၁၇နှစ်ကြာအောင် အရှေ့ ဥရောပမှ
အေးဂျင့်စ်တစ်ယောက်မှမရှိဘူးလို့ ၀န်ခံခဲ့ရတယ်
နှစ်ဘက်စစ်တပ်တွေက လှိုဏ်ခေါင်းတွေ ဖောက်နေမယ့်အစား
တံတိုင်းကြီးဖြိုချလိုက်တာပဲ အေးပါတယ် ဆိုပြီး လုပ်လိုက်တာပဲ
တရုတ်ပြည်က အနူမြူလက်နှက် ပိုင်ဆိုင်တယ်လို့မကြေငြာခင်မှာ
နောက်ထပ် အမျိုးအမည်မသိယာဉ်တစ်စီးထပ်တွေ့ သလိုပြောဖြစ်ကြသေးတယ်
တောင်ပေါ်မြို့ ကလေးကို လူစိမ်းတွေ ထပ်ရောက်လာတယ်
အများစုက သုတေသနသမားတွ .. သိပံပညာရှင်တွေ..
သူတို့က စက်ပြင်ဆရာတစ်ယောက်များ တွေ့မိသလားလို့ တောင်ပေါ်မြို့ကလေးမှာလိုက်ရှာနေကြတယ်…။
မိုးလှိုင်ည
Saturday, June 19, 2010
သို့--- ဖေဖေနှင့်မေမေ
Tuesday, June 8, 2010
သံသရာ
လက်ညှိုးလေးနဲ့ ဝိုင်းကြည့်လိုက်တော့လည်း
သူ့ခမျာ … အဝိုင်းသားပဲ
ပစ်မျိုးမှည့်မထင် ဒုစရိုက်အလင်္ကာမှာ
ပန်းတွေဟာ ပန်းလိုမပွင့်တော့ဘူး
(ပြောချင်တာက ပန်းတွေဟာ …
ပန်းလိုမပွင့်တော့ဘူး)
ကြေးစားနဲ့တွေ့တော့လည်း
ကြေးစကားပြောရတာပဲ
တစ်ဦးမေတ္တာတစ်ဦးမှာဆိုသလို
တစ်ဦးလိပ်စာတစ်ဦးသိစရာမလိုလောက်အောင်
ထင်းခွေရော ရေခပ်ရောကြုံခဲ့ကြပြီးပြီလေ
တစ်ယောက်ဆန္ဒတစ်ယောက်သိရင်
အချိန်မရွေး နေရာမရွေး
ငါတို့ဘယ်နေရာတွေ့တွေ့ပေါ့
သံသရာဆိုတာ
ငါတို့ထည်လဲဝတ် ရှိုးထုတ်ဖို့ပဲမဟုတ်လား။
ကြက်သွန်
၈ရက်၊ ဇွန်လ၊ ၂၀၁၀
Saturday, June 5, 2010
ကွန်ဖြူးရှပ်သို့ ။ အရည်အသွေးတွေရဲ့ မျှခြေဟာ လူကြီးလူကောင်းဖြစ်မှုရဲ့ ကွန်ဆက်ဗေဒ ဆိုတာဟုတ်ရဲ့လား ။
စတိုင်ဟာ အနှစ်သာရကို ဖုံးလွှမ်းရင် အသေးစိတ်တွေကို စိုးရိမ်မှုလွန်တယ်
အနှစ်သာရနဲ့ စတိုင်ဟာ မျှခြေကိုရောက်ရင် လူကြီးလူကောင်းမြင့်မြတ်မှုပေါ်တယ်“
(ကွန်ဖြူးရှပ်)
ရသဗေဒရဲ့ ကပြောင်းကပြန်ဆန်မှုကို သံစုံသီးပင်ထဲမှာ တွေ့ဖူးတယ်
ရေသောက်ခြင်း၊ အစားစားခြင်းနဲ့ လဲလျောင်းခြင်းဟာ ပျော်ရွှင်မှု ရှာတွေ့နိုင်တယ်
လက်ဆပ် Lexus ကားစီးရင်း ရှုံးနိမ့်မှုကိုလျှော်ကြေးတောင်းတဲ့ ကမ္ဘာကြီးမှာ
ဝေဖန်ရေးဆရာတွေဟာ တစ်ဦးနဲ့တစ်ဦး ခြားနားမှုကို ဒီမိုကရေစီပြုကြပါတယ်။
ခင်ဗျားသူငယ်ချင်းရှင်ရင် သူ့ရဲ့ရည်ရွက်ချက်ကို နားလည်ပေးပါ
သူသေရင် သူဘာလုပ်ခဲ့လဲဆိုတာ စောင့်ကြောင့်ပေးပါ၊ စောင့်ကြည့်ပေးပါ။
သူငယ်ချင်းရှာဖွေမှုဟာ အကူအညီဖြစ်သလို အန္တရာယ်လည်းဖြစ်တယ်
(ခင်ဗျားက အဓိပ္ပါယ်ကို ခွက်တစ်ခုလို အသုံးချချင်တာကိုး ! )
အောက်ကစာကြောင်းကိုဖတ်ပါ။
“သော့သော့နှင်ကွင်းပြင်ကောင်းကင်ပြုတ်ကျရင်နာတဲ့ ကဗျာမျိုးပူပူသူသူလားလားလူလူ“
“လူငယ်တစ်ယောက်ဟာ အကြောင်းအရာ ၃ ခုကို အထူးပြုတယ်
(၁) ရမ္မက် (ငယ်တုန်း)
(၂) ဒေါသ (လူလတ်အရွယ်မှာ)
(၃) ခင်မင်မှု (ကြီးတဲ့အခါမှာ)“
သွေးနဲ့အသက်ရှုမှုသီအိုရီကို ၂၁ ရာစု ဘောဂဗေဒမှာ ဈေးကွက်နဲ့ပုံဖော်ကြတယ်
ကျင့်ဝတ်နှတိဟာ ဂေဟစနစ်နဲ့ မဆက်သရွေ့ ခင်ဗျားရဲ့ ပိုးကျစ်လမ်းပေါ်
အနာပေါက်တဲ့ခြေထောက်တွေ အဇ္တျတ္တအကဗေဒကို ဘယ်လိုမှ မဖော်ပြနိုင်ဘူး
ရုပ်ထုတစ်ခုရဲ့ အဆင့်အတန်းဟာ ဘာလဲ။
ကဗျာရဲ့ အဓိပ္ပာယ်ဟာ အသုံးတည့်မှုအပေါ် မမှီခိုဘဲ ဘယ်လိုမှ လက်တွေ့မကျမှု
ဖြစ်လာတဲ့အခါ ကဗျာပေါ် လွှမ်းမိုးထားတဲ့အရိပ်တွေ ဘယ်ရောက်ကုန်လဲ စဉ်းစားမိလား ။
ငြိဏ်းဝေ
Monday, May 31, 2010
အိပ်မက်ထဲကကောင်
မုန်းဖို့တော်တော်ကောင်းတဲ့ကောင်။ ဘာလို့ အရာရာတိုင်းကို ကြိုသိနေရတာလဲ။ ငါတစ်ခုခုလုပ်တိုင်း မင်းကလုပ်ပြီးသားကြီးပါ ဆိုပြီးဟားတယ်။ ငါ့အတွက် ဘယ်လောက်ကြီးပဲဆန်းဆန်း မင်းအတွက် အဟောင်းကြီးဖြစ်နေတာ အံသြလို့မဆုံးဘူး။ ငါအံသြတိုင်းလည်း မင်းကလှောင်တယ်။ မင်းက ကြိုအံသြပြီးသွားပြီ။ တော်ဝင်ဂုံးကျော် တံတားကို ငါဖြတ်တော့ မင်းကဖြတ်ပြီးသွားပြီ။ ဓမ္မာရုံမှာ ဖိနပ် ပျောက်တော့လည်း မင်းကအရင် ပျောက်ပြီးသွားပြီ။ ငါကတတ်လေးရဲ့ xx-xxကို ရပ်နမ်းတော့လည်း မင်းကနမ်းရပ်ပြီးသွားပြီ။ ဟော….. တယ်ခက်ပါ လား။ မုန်းဖို့တော်တော်ကောင်းတဲ့ကောင်။ အိပ်မက်ထဲက ကောင်က အိပ်မက်ထဲမှာပဲ နေပါလား။ ညတိုင်းညတိုင်း ကယောင်ကတန်း အိပ်မက်တွေ ပေးပြီးရင်တော်လောက်ရောပေါ့။ ရာရာစစ ဘာလို့တကယ့်ဘ၀ကိုပါ လိုက်နှောက်ယှက်နေရတာလဲ။ မင်းလုပ်တာ ငါတော်တော် ဖီလင်ငုတ်တယ်။ ဟုတ်တယ်။ စွန့်စားမှုကြီးတစ်ခုခုလုပ်တော့မယ်လို့ ကြံရွယ်လိုက်တိုင်း၊ အဆန်းကြီးတွေ ထွင်တော့မယ်လို့ စဉ်းစားလိုက်တိုင်း မင်းကအရင်လာ နှောက်ယှက်ပြီ။ အရာရာမင်းပဲသိ။ အရာရာမင်းပဲလုပ်။ ကဲ…….. ငါ ဘယ်အက်ွက် ရွှေ့ ရမလဲ။ မင်းတစ်ခုသိထားဖို့ ကောင်းတယ်…… မင်းဆိုတာ ငါရှိလို့ရှိတာ။ ငါမရှိရင် မင်းလည်းရှိမှာ မဟုတ်ဘူး။ ငါဘာမှ မလုပ်တော့ရင် မင်းလည်းဘာမှလာနှောက်ယှက်လို့ရမှာ မဟုတ်တော့ဘူး။ အိပ်စက်ချိန်တွေမှာ မင်းငါ့ကို ကြိုက်သလို ရွှေ့လို့ရတယ်။ မောင်းနှင်ပိုင်ခွင့်ရှိတယ်။ မင်းအခွင့်အရေးကို ငါနှောက်ယှက်စရာ မရှိဘူး။ ဒါပေမယ့် နေ့ဘက်တွေမှာ ငါ့ဘာသာငါ ရှောတီလေးတွေနဲ့ ကြွယ်ချင်ကြွယ်မယ်၊ ပြသာနာတွေ တက်ချင်တက်မယ်၊ ချောက်တွေကျချင်ကျမယ်။ ကောင်းလည်း ငါ့ဘ၀နဲ့ငါ။ မကောင်းလည်း ငါ့ဘ၀နဲ့ငါ။ မင်းကြိုသိနေလည်း လာမပြောပါနဲ့ကွာ။ ဒီလိုမှ မဟုတ်ရင် ငါလုံးဝ မအိပ်စက်ဘဲနေပစ်လိုက်မှာ။ ကြပ်ကြပ်သတိထား…. အဲ့ဒီတော့မှ မင်းပါဒုက္ခ ရောက်သွားမယ်။ မင်းက မင်းကမ္ဘာနဲ့မင်း ငါက ငါ့ကမ္ဘာနဲ့ငါ။
Wednesday, May 26, 2010
Saturday, May 8, 2010
ဘူလေးလဲ
ဘူလေးလဲ
ကြောင်ခံတွင်းပျက်နဲ့
ဇရက်တောင်ပံကျိုးတို့
လက်ထပ်ခဲ့ကြတာ
ကျုပ်တို့ရွာမှာ
ဟိုဟာဖြစ်တုန်းကပေါ့။
ဟိုဟာဆိုတာ....
(တောမီးလောင်တုန်းကလား
ရေကြီးတုန်းကလား)
ဘာရယ်လို့ သေသေချာချာ
ပြောနိုင်တဲ့သူ မရှိတော့ပါဘူး။
တောမီးလောင်တုန်းကလို့ ထင်တာပဲ
ဘာဖြစ်လို့လဲဆို့တော့
“တောမီးလောင်တောကြောင်လက်ခမောင်းခတ်”
ဆို့တဲ့စကားလဲ
ရှိတယ်မှုတ်လား။
အဲ့ဒီတုန်းက..
(သူတို့ လက်ထပ်ကြတုန်းကပြောတာ)
ဇရက်တောင်ပံကျိုးကပဲ
သဘောမတူသလို
ဘာလိုလို။
မှတ်မိတဲ့လူတွေ ပြောကြတာက
သူတို့လက်ထပ်တုန်းက
တစ်ရွာလုံးမီးခိုးတိတ်ပဲတဲ့။
ဟုတ်လား....
ရှင်းနေတာကို ရှုပ်အောင်မလုပ်နဲ့လေ
မီးခိုးတိတ်ဆိုတာ
မီးခိုးတိတ်ပေါ့ဗျာ
ဒါနဲ့....
ကျုပ်စကားပြောနေတုန်း
ဖြတ်ဖြတ်ပြောတာမကြိုက်ဘူး
ကျုပ်စကားတောင်
ဘယ်ရောက်သွားပလဲ။
လက်ထပ်တယ်ဆိုမှတော့
အိုးခြင်းထိတာမှ မဟုတ်တာ
သားသမီးတွေ ပေါက်ဖွားလာတာ
ဆန်းတာမှတ်လို့။
သူတို့မျိုးဆက်တွေရဲ့
နာမည်တွေဗျ
နားထောင်ကြည့်....
ငါးခုန်းမတစ်ကောင်ကြောင့် တစ်မြစ်လုံးပုတ်တဲ့
ဆုပ်လည်းရူး စားလည်းရူးတဲ့
ငတေမာရင် တစ်သက်လုံးတဲ့
ရေစီးဆယ်ခါ ရေသာတစ်လှည့်တဲ့
လမိုက်တုန်းဗိုင်းငင်တဲ့
ကဲ မဆန်းလား...
ဒါကြောင့်လည်း
ကျုပ်တို့မှတ်မိနေတာပေါ့။
ခင်ဗျားရော ဘယ်လိုထင်သလဲ
တချို့က....
သူတို့သားသမီးတွေ
တချို့က...
သူတို့မြေးမြစ်တွေပေါ့ဗျာ။
ဒါက စာမဖွဲ့လောက်ပါဘူး
သူတို့က...
ကျန်စစ်သားလည်းမှီတယ်
ဘုရင့်နောင်လည်းမှီတယ်
ရာဇ၀င်ကို ဖြတ်သန်းဖူးလှပြီ
အရေထူနေပြီ။
တစ်ရွာလုံးမှာ
အုန်းအုန်းကြွတ်ကြွတ်ဖြစ်နေတဲ့
ကိစ္စလား။ ။
ခင်ဗျားမေးမှ သတိရတော့တယ်
အစကတော့...
ကျုပ်လဲ
ဒီအကြောင်းပြောချင်လို့
စကားအစချီတာပဲ
မတီးပဲ မြည်ပြန်ပြီ
မထင်နဲ့...။
ကျုပ်တို့ရွာမှာ
အကြီးအကျယ်လက်ထပ်ပွဲတစ်ခု။
သတို့သားနဲ့ သတို့သမီးနာမည်က
ယုန်တောင်ပြေးနဲ့ ခွေးမြောက်လိုက် တဲ့
ဖိတ်စာတော့ဝေပြီးပြီ.....
ဒီတစ်ခါလဲ
တစ်ရွာလုံး မီးခိုးတိတ်ပဲတဲ့
(လာပြန်ပြီ မီခိုးတိတ်။)
ဘာပဲပြောပြော
ဒီကိစ္စကိုတော့
တစ်ရွာလုံးက
စိတ်အ၀င်စားသားဗျ။
လက်ထပ်ဖြစ်မယ်ဆိုရင်
(တချို့ကလဲ လက်ထပ်ပွဲ ပျက်မလိုလို
ဘာလိုလို ပြောနေကြတာကိုး)
အဲ...သူတို့သာ
တကယ်လက်ထပ်ဖြစ်မယ်ဆိုရင်
မွေးလာမယ့် ကလေးကို
နာမည်ပေးဖို့ အတွက်တောင်
ရွာကလူတွေက စဉ်းစားပြီးသား။
ခေတ်လဲမှီရမယ် ဆန်းလဲဆန်းရမယ်ပေါ့ဗျာ...
အဲ....သူတို့ရွေးထားတဲ့နာမည်က
“ဘူလေးလဲ”တဲ့။
ဘယ်လိုလဲ
ခင်ဗျားရောကြိုက်ရဲ့လား။
သစ္စာနီ
လက်ရှိမြန်မာ နှုတ်မှုကဗျာ (oral poem) တွေကိုစိပ်ဖြာကြည့်ရင်၊အဖက်ကဗျာ၊အရွတ်ကဗျာ၊
အဆို ကဗျာ (တေးထပ်၊ဘောလယ်)စသဖြင့်တွေ့ရပါလိမ့်မယ်။
အဲ့ဒီထဲမှာ မပါသေးတဲ့ အမျိုးအစားတစ်ခု
ကတော့ အပြောကဗျာ(Talk poem)ပါ။
အခုဖော်ပြလိုက်တဲ့ကဗျာကတော့ အပြောကဗျာ ။
ဒီကဗျာကိုမဖတ်ရပါဘူး။ မရွတ်ရပါဘူး။မဆိုရပါဘူး။
စကားပြောသလို(Talking poetry)သာအသံထွက်ရပါတယ်။
နေ့စဉ်သုံးဘာသာစကားနဲ့ စိတ်ကူးစိတ်သန်း ဘာသာစကားကိုရောမွှေထားပါတယ်။
ဘာသာစကားရဲ့အခြေခံတချို့(အာမေဋိတ်သံ၊မေးခွန်းမေးခြင်း၊တစ်ကိုယ်တော်ငြီးချင်းစတာတွေနဲ့)
လက်တန်းသဘောတချို့ကို ထည့်သွင်းအသုံးပြုရင်း စကားပြောအရည်အသွေး(တန်ဘိုး)ကို
တိုးမြင့်ဖို့ကြိုးစားထားတာကို တွေ့ရပါလိမ့်မယ်။
ကျေးဇူးတင်ပါတယ်။
သစ္စာနီ
Monday, May 3, 2010
ဒီတစ်ကွေ့တွေ့ရင် ကျုပ်တို့တူတူသောက်မယ့် လက်ဖက်ရည်အကြောင်း
စိတ်ဟာတစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသလိုမျိုး အမူအရာနဲ့
လက်ထဲကစီးကရက်ကိုပဲ သဲသဲမဲမဲ
ပိုက်ဆံမရှာရင်မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ်မှာ
သူမ မရှိရင်မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ်မှာ
မည်သို့မည်ပုံဆက်ဆံရမယ်ဆိုတဲ့ အဓိပ္ပါယ်မှာ
ငါဟာ ကျွန်တစ်ကောင်မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်မှာ
ငါဟာ … ကျွန်တစ်ကောင်ပဲ
ဟုတ်တယ်မလား …
ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်ဆိုတဲ့ ကျွန်များ
ဟုတ်တယ်မလား …
ကဗျာဖို ကဗျာမဆက်ဆံရေးရဲ့ ကျွန်ကြီး
ဟုတ်တယ်မလား …
မောင်ချောနွယ်ဟာလည်း မမမြင့်ရဲ့ … ဘာတဲ့တုန်း
အဓိပ္ပါယ်ဆိုတာက ကျုပ်တို့ဝေဒနာတွေရဲ့ အန္တိမမဟုတ်ဘူး
အဓိပ္ပါယ်ဟာ ခင်ဗျားရဲ့ ဒွါရတွေမှာကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေပဲ
ဖြစ်နေတာလား …
တည်ရှိနေတာလား …
ပျက်ပြီမဟုတ်လား …
ခင်ဗျားရဲ့စုပ်သပ်မှုအဆုံးမှာ အဓိပ္ပါယ်ဟာ
အလိုလိုသေသွားပြီ ညှိုးသွားပြီ ရိုးသွားပြီ
အီသွားပြီမဟုတ်လား
အဓိပ္ပါယ်တွေ ပလုပ်ပလောင်းနဲ့ ခင်ဗျားပါးစပ်ကြီးကို ပါးလုပ်ကျင်းလိုက်စမ်းဗျာ
ဒီတစ်ကွေ့တွေ့ရင်သာ ကျုပ်တို့တူတူသောက်မယ့်
လက်ဖက်ရည်ဟာ အဓိပ္ပါယ်ရှိမရှိ
ဘာနဲ့တိုင်းမလဲ
ကြက်သွန်