Monday, July 5, 2010

သမုဒ္ဒရာ


ဖြေးဖြေး မာရီယာ …
မင်းကိုက်နေတာ ငါ့လက်ညှိုးတစ်ဝက်ကုန်နေပြီ။ တော်တော့။
မင်းလည်းသိပ်ဝေးဝေးမသွားနဲ့။ ဟိုတစ်နေ့တုန်းကပဲ မင်းလက်ညှိုးတစ်ချောင်းကို ဝိုင်းကိုက်လိုက်ကြတာ
ခုမှပြန်ထွက်ခါစလေးမဟုတ်လား။
ကံကောင်းရင် နေမဝင်ခင် ငါတို့ကိုက်စရာလက်ညှိုးလေးတစ်ချောင်းတလေရနိုင်ပါတယ်။
ကံမကောင်းရင်တော့ မင်းရဲ့ထွက်လက်စ ငုတ်တိုလေးပါ ပါသွားနိုင်တယ်။
ဖြေးဖြေးပေါ့ မာရီယာရယ်
ပျင်းလာရင် အမဲလိုက်သီချင်းလေး တိုးတိုးညည်းနေပေါ့။
မင်းကလူငယ်ဆိုတော့လည်းစိတ်မြန်လက်မြန်ဖြစ်ချင်ဖြစ်နေမှာပေါ့။
ခုချိန်ကတော့ ငြိမ်နေတာအကောင်းဆုံးပဲ။
ဟော … ပြောရင်းဆိုရင်း ခြေသံကြားတယ်ဟေ့
ဗိုက်ပြည့်ချင်တယ်ဆိုရင်တော့ တစ်ကောင်မှမလွတ်စေနဲ့ပေါ့ မာရီယာ။
မင်းဟာ သားကောင်နဲ့တွေ့တဲ့အချိန်မှာ အရဲရင့်ဆုံး သူတစ်ယောက်ဆိုတာ ငါသိတာပေါ့။
ဒါပေမယ့် အကောင်ကြီးကြီးတွေလာရင်တော့ ဝေးဝေးကရှောင် …။

ကြက်သွန်
၁၃ရက်၊ ဇွန်လ၊ ၂၀၁၀

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။