သူမ သွားတွေရဲ့နယ်နိမိတ်ကို ငါအမှတ်မဲ့ ဖြတ်ကျော်မိပြီး
သူမရဲ့ပေါ့ပါးတဲ့လျှာကို စုပ်မျိုလိုက်မိတယ် ။ အခုတော့ အဲ့ဒီ
လျှာက ငါ့ကိုယ်ထဲမှာ ဂျပန်ငါးတစ်ကောင်လို နေနေပြီ ။ ငါး
မွေးကန်ရဲ့ နံရံကို တိုးဝှေ့နေသလိုမျိုး ငါ့နှလုံးအိမ်နဲ့ ငါ့ရင်ခေါင်း
အကန့်ကို ဒီလျှာက ပွတ်တိုက်တိုးဝှေ့နေတယ် ။ အောက်ခြေက
နွံနှစ်တွေက ထကြွအောင် မွှေနှောက်နေတယ်။ သူမက အသံကင်း
မဲ့သွားအောင် လုပ်ခဲ့တဲ့ ငါ့ကို မျက်လုံးပြူးကြီးတွေနဲ့ စိုက်ကြည့်
ပြီး စကားတစ်ခွန်းကို စောင့်နေရဲ့ ။
ဒါပေမယ့် သူမကို စကားပြောတဲ့အခါ ဘယ်လျှာကိုအသုံး
ပြုရမလဲ ငါမသိ ။ ခိုးရာပါ လျှာနဲ့လား ။ ဒါမှမဟုတ် လေးလံတဲ့
ကောင်းမြတ်မှုပြည့်လျှံနေတဲ့ ငါ့ပါးစပ်ထဲမှာ အရည်ပျော်နေတဲ့
လျှာနဲ့လား ။
ဇဗစ်ဂညူး ဟားဗက်
မောင်သစ်မင်း ( သုံးယောက်ကောင်းကင် ကဗျာစာအုပ်မှ )
Tongue
Inadvertently I passed the border of her teeth and
swallowed her agile tongue. It lives inside me now , like
a Japanese fish . It brushes against my heart and my
diaphragm as if against the walls of aquarium. It stirs
silt from to the bottom.
She whom I deprived of a voice stares at me with
big eyes and waits for word.
Yet I do not know which tongue to use when
speaking to her-the stolen one or the which melts in
my mouth from an excess of heavy goodness.
ZBIGNIEW HERBERT
No comments:
Post a Comment
ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။