မုန်းတိုင်းက ပြင်းထန်တယ်
မင်းအိမ်ရှေ့က ဖယ်ရှားခံလိုက်ရတဲ့ သစ်ပင်
ပြန်မဆပ်ရသေးတဲ့ အအေးတစ်လုံး
မြေပဲယိုလမ်းမ တောင်တန်း ပင်လယ် မိုးတိမ်
ဓ ၄၅ ၂၂၆ ၅၀
ဥတုသုံးလီမှာ
ဂုဏ်မြင့်သူသီချင်းနဲ့ လေလွင့်ခဲ့
ရှည်ကြာစွဲမြဲ
ချစ်မိကတည်းက စာလုံးပေါင်းမှားတယ်
ဖြူစင်မှုတွေ အရောင်စွန်းထင်းသွားတဲ့အခါ
ပန်းရောင်အိမ်မက်မှာ အပြစ်ရှိတယ်
အ၀ါရောင်ကိုခွဲခြမ်းစိတ်ဖြာ အဖြေမရခဲ့
ကိုယ်ပိုင်ရင်ခုန်သံနဲ့ တစ်ဆစ်ဆစ်စူးဝင်ခဲ့တဲ့မြှား
နှုတ်ဖို့ခက်ပြီ
တန်ဖိုးထားမြတ်နိုးခဲ့တော့
အရှုံးတွေလည်း ချိုမြိန်ခဲ့ပြီ
သေးသေးမွှားမွှားမျှော်လင့်ချက်နဲ့
စွန့်လွှတ်ဖို့လည်း ရင်မောရပြီ
ဖြစ်တည်နေမှုအတွင်း ငြင်းဆန်ရင်း
ဝေးဝေးသွားရ နေ့ပေါင်းများစွာ
…………………………………………….
(၈)ထပ်တိုက်ပေါ်က အရိပ်လေးရေ
အချိန်မှန်ဓာတ်ကြိုးတွေပေါ်လာငြိတဲ့
ကောင်းကင်မရှိ ငှက်တစ်ကောင်
အသံတိတ်စကားလုံးပေါင်း သောင်းခြောက်ထောင်
1000110001000100011100010111110011010100
မင်းအမည်နဲ့ mail ပို့လိုက်တယ်။ ။
မိုးပျံငှက်
No comments:
Post a Comment
ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။