အဖန်ဖန်အလဲလဲ သံသရာကို
လက်ညှိုးလေးနဲ့ ဝိုင်းကြည့်လိုက်တော့လည်း
သူ့ခမျာ … အဝိုင်းသားပဲ
ပစ်မျိုးမှည့်မထင် ဒုစရိုက်အလင်္ကာမှာ
ပန်းတွေဟာ ပန်းလိုမပွင့်တော့ဘူး
(ပြောချင်တာက ပန်းတွေဟာ …
ပန်းလိုမပွင့်တော့ဘူး)
ကြေးစားနဲ့တွေ့တော့လည်း
ကြေးစကားပြောရတာပဲ
တစ်ဦးမေတ္တာတစ်ဦးမှာဆိုသလို
တစ်ဦးလိပ်စာတစ်ဦးသိစရာမလိုလောက်အောင်
ထင်းခွေရော ရေခပ်ရောကြုံခဲ့ကြပြီးပြီလေ
တစ်ယောက်ဆန္ဒတစ်ယောက်သိရင်
အချိန်မရွေး နေရာမရွေး
ငါတို့ဘယ်နေရာတွေ့တွေ့ပေါ့
သံသရာဆိုတာ
ငါတို့ထည်လဲဝတ် ရှိုးထုတ်ဖို့ပဲမဟုတ်လား။
ကြက်သွန်
၈ရက်၊ ဇွန်လ၊ ၂၀၁၀
No comments:
Post a Comment
ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။