Saturday, June 19, 2010

သို့--- ဖေဖေနှင့်မေမေ


ဖြစ်နိုင်ရင် ကျွန်တော့်နောက် အမြန်လိုက်ခဲ့ပါ
ဒီမှာ အရမ်းကျေနပ်ဖို့ကောင်းတယ်
မေမေ ကြောက်တဲ့
လက်နက်တွေ လုံးဝမရှိဘူး
စစ်အာဏာဆိုရင် ဝေလာဝေး
ညီမလေးကိုပါ ဖြစ်နိုင်ရင် ခေါ်ခဲ့ဦး
ညီမလေးကို လိုက်ကြည့်တတ်တဲ့ ရမ္မက်တွေ မရှိဘူး
ခေါင်းညိတ်စရာ မလိုဘူး
အားအားရှိတိုင်း ပြုံးမနေရဘူး
ဒင်္ဂါးသံဝဲ၀ဲနဲ့ စကားပြောပြနေစရာမလိုဘူး
သားကြောက်ကြောက်နေတဲ့
အနုပညာဆိုတာလည်း မရှိဘူး
နောက်ပြီး...
ဖေဖေတို့မှာလို
အရမ်းလည်း မပူဘူး (လုံးဝမပူဘူး)
သားက ဒီမှာ ခရေပန်းလေးဖြစ်နေပြီ
ဘယ်တော့မှမညှိုးမယ့် ခရေပန်းလေးဖြစ်နေပြီလေ
ဖေဖေ မေမေတို့ လာမယ်ဆိုရင်
သားသူငယ်ချင်းတွေလည်း ၀မ်းသာကြလိမ့်မယ်
ဒီမှာ စိတ်ချမ်းသာဖို့အကောင်းဆုံးက
လူတစ်ယောက်မှ မရှိဘူးလေ။

မြေမှုန်လွင်
ဖက်ရှင်၊ ဧပြီ၊ ၂၀၀၇

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။