တချို့တွေက ပြတ်ရွေ့ကြောများလိုအုပ်စုဖွဲ့ မိုက်ကြေးခွဲလို့
တချို့တွေက တွန့်ခေါက်တောင်တန်းတွေအဖြစ်အု ပ်စုဖွဲ့ တောင်းရမ်းစားသောက်လို့
တချို့တွေက လျှိုမြောင်ချိုင့်ဝှမ်းလို အရူးချီးပန်းလို့
တချို့တွေက အီကွေတာပေါ်မှာ အလေ့ကျပေါက်လို့
ပြောင်းလဲဖောက်ပြန်သူ ရာသီဥတုများနဲ့
စကတ်ပါးပါးအောက်မှာ ကမ္ဘာကြီးဟာ စွဲမက်ချင်စရာကောင်းနေတုန်းပဲ
ငါဟာ မင်းကို အင်ဘီလစ်ကယ်ကြိုးတစ်ချောင်း ဘဝကတည်းက ချစ်ခဲ့ရတာပါကွာ
မင်းဂျီစထရင်းက ငါ့ကို ၂၃ ၁/၂ ဒီဂရီ နှာတင်းစေတာတော့ဝန်ခံမိပါရဲ့
(တဆက်တည်း မင်းနောက်ကြောင်းရှင်းမှန်းလည်း ငါရိပ်စားမိခဲ့ပေါ့)
အရှေ့အလယ်ပိုင်းရပ်ဝန်းက
ဟာလာဟင်းလင်း ရေနံတွင်းကိစ္စ ခဏခေါက်ထားလိုက်ပါဦး
တစ်နေ့တာ မင်းလည်ပတ်သမျှနဲ့ တစ်ဘဝလုံးမင်းတိမ်းစောင်းပြသမျှ
မင်းဘာသာတရားနဲ့ မင်းဘာသာစကားကို ဘယ်သူမှ နားမလည်ကြဘူး
မင်းက ဥတစ်လုံး၊ တစ်ကောင်ကြက်ဆိုတော့
ပေါ့စတစ်၊နဂ္ဂတစ် ခွဲခြားစီစစ်ရခက်တယ်မဟုတ်လား
မင်းဖက်ကထူးကဲဒီရေတက်ချိန်မှန် သမျှ
အနုမြူထိပ်ဖူးတတ် စွမ်းအားကြီးလက်နက်ကိုသုံးခွင့် မသာတော့
တောင်ပူစာတွေဖက် ငါ့တပ်တွေခြေဦးလှည့်ရရှာတာပဲ
တစ်ချက်တစ်ချက်လှစ်ဟသွားတဲ့နယ်ြ ခားမှတ်တိုင်မှာ နှုတ်ရေးနဲ့အနိုင်ရခဲ့အပြီး
မင်း ဆိုင်ကလုန်းကို လေရော မိုးရော စုပ်သွင်းမျိုချချင်နေခဲ့တာငါပဲ
ဆူနာမီတွေတစ်လုံးပြီးတစ်လုံး ဆုပ်ကိုင်ပွတ်သပ်နှစ်မြှုပ်ရင်း
မင်းငလျင်ကြောမှာ ငါဟာတောင့်တင်းမျောပါဆွဲယူသိမ်း ပိုက်ခြင်းခံလိုက်ရပါပြီ
မင်းပင်လယ်အော်မှာ ငါမြူးထူးပျော်ပါးခဲ့သလောက်
မင်းပတ်လမ်းကြောင်းထဲ ငါ့“လ”ဟာ တစ်စီးပြီးတစ်စီး ချဉ်းနင်းဝင်ရောက်ခဲ့တော့
ချစ်သော ကမ္ဘာကြီးရေ…
မင်းမီးတောင်သေမှာ ခရေတွေပွင့်ပြီလား
ဒီမှာ ငါ့ချော်ရည်တွေ ပွက်ပွက်ဆူထနေကြပေါ့။
သိုးထိန်း (အန္တိမ)
၂ဝ၁ဝ မတ်လ ၂၉ရက်
No comments:
Post a Comment
ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။