Tuesday, March 16, 2010

ဈေးဝယ်စာရင်းဝတ္ထုတို

   ကလေးတွေ စာကျက်နေကြသည် ။ အသံစာစာနှင့် အလွန်သာယာ၏ ။ အစားအစာဝါးစားပါ ။ အသားပါသလား ။ ငါးပါသလား ။ ဖတ်စာထဲမှာဤသို့ပါ၏ ။

၁/ စိန့်ဂျွန်ဆင် ST .JOHNSON ကျားဝတ်အင်္ကျီ ၊ အင်္ဂလန် နိုင်ငံမှ ထုတ်လုပ်သည် ။ ချုပ်ရိုးချုပ်သား သေသပ်လှပ်သောကြောင့် ၊ အချိုးကျပြီး ကြည်ရှည် ဝတ်နိုင်သည် ။ ရောင်းဈေး ကျပ် တသောင်းရှစ်ထောင် ။

၂/ ရက်ဗလွန် REVLON နှုတ်ခမ်းနီဆိုးဆေး  ၊ အမေရိကန် နိုင်ငံလုပ် ၊ တမိနစ် အတွင်းခြောက်သည် ။ တနေကုန် ခံသည် ။ ဗီတာမင် အီးပါ၍ နှုတ်ခမ်းများမပျက်စီး ၊ တန်ဖိုး ကျပ်လေးထောင့်သုံးရာ ။

၃/ ပင့်ဟောက်  PINK HOUSE မဝတ် အင်္ကျီ ၊ ထိုင်းနိုင်ငံလုပ် ၊ ဒီဇိုင်းစုံ ၊ရောင်စုံ ၊ ရောင်းဈေး ကျပ်သုံးထောင် ။

၎/ ဟန်းတင်း HANG TEN ရှပ်အင်္ကျီ ၊ တန်ဖိုးကျပ် သုံးထောင်ရှစ်ရာ ။

၅/ ပုလစ်(စ) POLICE နေကာမျက်မှန် ၊ အမေရိကန် နိုင်ငံလုပ် ၊ နောက်ဆုံး ပေါ်ဒီဇိုင်း ၊ ရောင်းဈေး ကျပ် နှစ်သောင်းလေးထောင် ၊

၆/ MX 102 SODA ခါးပတ်အိတ် ၊ တန်ဘိုး ကျပ် နှစ်ထောင့်သုံးရာ ၊

၇/  အေလိယန်းဝပ်ရှော့ ALIENS WORKSHOP ဂျင်းဘောင်းဘီ ၊ ရောင်းဈေး ကျပ်လေးထောင့် ရှစ်ရာ ။

၈/ စကတ်ရှာ  SKECHERS ကျားစီးဖိနပ် ၊ တန်ဖိုး ကျပ် နှစ်သောင်းလေးထောင် ။

၉/ နီကေ NIKE လျှာထိုး ဦးထုပ် ၊ ရောင်စုံ ၊ တန်ဖိုး ကျပ် နှစ်ထောင့်ရှစ်ရာ ။

၁၀/ ဘီးယင်း BEING ကော်လာပါ ၊ ဇစ်တပ် ၊ မဝတ်စပို့ရှပ် တန်ဖိုး ကျပ် လေးထောင့်သုံးရာ ။

၁၁/ ခရေးဇီး CRACY စကတ်ရောင်စုံ ၊ တန်ဖိုး ကျပ် သုံးထောင့်လေးရာ ။

၁၂/ မီလန်MILAN မစီးဖိနပ် ၊ တန်ဖိုး ကျပ်သုံးထောင့်ခြောက်ရာ ။

၁၃ / အိုမီဂါ ဆီးမာစတာ OMEGA SEAMASTER ကျားဝတ်လက်ပတ် နာရီ ၊ တန်ဖိုးကျပ် နှစ်ဆယ့်ခြောက်သိန်း (၂၆၀၀၀၀၀ တိတိ) ။

၁၄ / ရာဒို RADO လေးထောင့် ၊ အပြာရောင်  မဝတ် လက်ပတ် နာရီ ၊ တန်ဖိုး ကျပ်ဆယ့်နှစ်သိန်း (၁၂၀၀၀၀၀ တိတိ )

၁၅/ ပြောင်ခေါင်းစိမ်း ဝမ်းဆက် ၊ အလေးချိန် ၈၇.၅၈ ဂရမ် ၊ အလျှော့တွက် ၇ပဲ ၊တန်ဖိုး ကျပ် ရှစ်သိန်းခြောက်သောင်း  ( ၈၆၀၀၀၀ တိတိ )

၁၆ / စိန်နှင့်မြိတ်ပုလဲဆွဲသီး  . . .  ၊တန်ဖိုး ကျပ်သုံးသိန်းနှစ်သောင်းငါးထောင်

၁၇/ နီလာနှစ် စိန်တစ်ပွင့် FANCY နားကပ် ၊ တန်ဖိုး ကျပ် တစ်သိန်းရှစ်သောင်း ။

၁၈/ စိန်ကိုးပွင့် ရေလှိုင်းပုံ လက်စွပ် ၊ တန်ဖိုး ကျပ် သုံးသိန်းနှစ်သောင်းငါးထောင် ။

၁၉/ ဖဲပြားမီးပုံးနားဆွဲ ၊ လေးသောင်းနှစ်ထောင်ကျပ် ။

၂၀/ ယပ်တောင် ဘောလုံးနားဆွဲ ၊ လေးသောင်းတစ်ထောင်ကျပ် ။

        ကလေးတွေ ဘယ်သွားကုန်ကြပြီလဲ ၊ စာကျက်သံလဲ မကြားရ ။ တိတ်ဆိတ်လို့ ၊ အစားအစာ ၊ ဝါးစားပါ အသားပါသလား ၊ ငါးပါသလား ။

၁/ ဇီယာဆန်  တစ်ပြည်  ၂၀၀ /-နှစ်ရာကျပ်

၂/ပဲတောင့်ရှည် ၂ စည်း  ၅၀/- ငါးဆယ်ကျပ်

၃/ ငါးပိရေကျို၁၀ါး ၆၀/- ခြောက်ဆယ်ကျပ်

၎/ ချဉ်ပတ်စုံတို့စရာ ၂၀/- နှစ်ဆယ်ကျပ်

၅/ ဘဲဥ တစ်လုံး ၅၀/- ငါးဆယ်ကျပ်
      စုစုပေါင်း ညနေစာဈေးဘိုး သုံးရာရှယ်ဆယ်ကျပ် (၃၈၀-/)



ဇော်ဇော်အောင်

( MILETUS ဝတ္ထုတိုစု ၊ ဩဂုတ်လ ၊ ၂၀၀၅ ခုနှစ် )

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။