Wednesday, March 17, 2010

စိတ်တိုင်းကျ စစ်ပါဆေးပါ ပြီးမှပြန်လွတ်ပါ

ဦးစားပေး (၁)
နယ်စပ်တွင် ခြေရာခံရင်း တော်လှန်ကဗျာ တစ်ပုဒ် အစပျောက်လျက်ရှိ။
ရဲဘော်အားလုံး အထူးသတိရှိရန်လို။ တော်လှန်ကဗျာသည် တွေ့တွေ့သမျှ
တော်လှန်ဖို့ အမြဲစိတ်ထက်သန်။ မှန်ဘီလူးတစ်လက်နှင့် ပုံကြီးချဲ့တက်။
အာပြဲသလို ခြေလည်းသွက်။ မထင်ရင် မထင်သလို အလစ်ဝင်ရောက် လှုပ်
ရှားတတ်။ အထူးထင်ရှားသည်မှာ နီနီရဲရဲများကို ခုံမင်တပ်မက်။

ဦးစားပေး (၂)
လှောင်အိမ်ထဲမှ ညစ်ညမ်းကဗျာတစ်ပုဒ် မြို့ထဲသို့ လွတ်သွား။
မြို့နေလူထု အထူးသတိချပ်ရန်။ ညစ်ညမ်းကဗျာသည် ရမ္မက်အလွန်
ကြီးမား။ လိင်ဆက်ဆံဖို့ အကွက်ကျကျ စီမံသည့်နေရာတွင် တစ်ဖက်ကမ်း။
အထူးသဖြင့် မြန်မာ့မျိုးဆက်သစ် သမီးပျိုများ ညစ်ညမ်းကဗျာ၏ တော့ကင်တွင်
မမျောသွားရန် လိုအပ်။ အထူးထင်ရှားသည်မှာ အမြဲစိုရွှဲလျက်။

ဦးစားပေး (၃)
အထူးကန့်သတ်ဇုန်မှ ခေတ်ပေါ်ကဗျာတစ်ပုဒ် ပျောက်ဆုံးလျက်ရှိ။ မြေပေါ်
မြေအောက်လောကသားများ အထူးသတိဝရိယထားရန်။ ခေတ်ပေါ်ကဗျာသည်
အကြမ်းဖက်လိုဟန်ရှိ။ ပိုက်ဆံရှိသော သူများ၊ ချမ်းသာသောသူများကို
အလကားနေရင်း မျက်မုန်းကျိုးနေ။ အုပ်စုဖွဲ့လှုပ်ရှားတတ်။ အထူးထင်ရှား
သည်မှာ အမြဲတမ်း အရက်နှင့်ဗိုက် ဆာလျက်ရှိ။

ဦးစားပေး (၄)
မိဘကျေးဇူး ဆပ်ချင်လိုက်တာဆိုတဲ့ အမျိုးသားစာပေ ကြိုးစင်ပေါ်က ကဗျာနဲ့
ပြည်သူတွေထမင်းငတ်နေပြီ အမှန်ပဲ နှိပ်စက်ခံနေရပြီဆိုတဲ့ အမေရိကန်ထုတ်
ဟန်ဘာကာ ဟော့ဒေါ့ ချောကလက်ကဗျာတွေကိုတော့ ကြုပ်ကြပ်သာလိ လိုက်ပါတော့။

မြေမှုန်လွင်

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။