ခွေးကလေး၊ ကြောင်ကလေးများ
ကိုယ့်ဒဏ်ရာကိုယ်လျက်ရင်း မိုက်တွင်းနက်လာသလို
ကိုယ့်ပြည်ကိုယ်မျိုသူ သားတော်အဇာတသတ်
အကြွေစေ့ကလေးများအတိုင်း ပွန်းလေ ပြောင်လေ
နေပူသလိုလို မိုးရွာသလိုလို နှင်းဖွဲဖွဲလမ်းကလေးအထဲ
သွေးချင်းသားချင်း ထိစပ်မှုနယ်နိမိတ်မျဉ်းကွန်တိုဘာရိုမီတာ
မိတ်ဆွေအချင်းချင်း၊ ရန်သူအချင်းချင်း
အပေါင်းများသင်းလိုက်၊ အနှုတ်များကွပ်လိုက်
အမှန်ကိုပြောင်းပြတဲ့ မှန်ပြောင်းသဖွယ်
နီးသောအခါ ဝေးသွားလိုက်၊ ဝေးသောအခါ နီးသွားလိုက်
မှန်ရှေ့မှာရပ်ပြီး ငါဓါတ်တွေခမ်းနေတဲ့အခိုက်တန့်များ
မိသားစုထဲမှာ အထီးကျန်ကမ္ဘာကြီးတဖြစ်လဲ…။
သိုးထိန်း (အန္တိမ)
၂ဝ၁ဝ မတ်လ ၁၁ရက် ည ၁ဝးဝ၎
No comments:
Post a Comment
ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။