Friday, March 5, 2010

သံနဲ့လုပ်ထားလျက် ဝေကျလာသော ဂဃဏန

ဆူဆိုဒ်လုပ်တာမဟုတ် ။ မဟုတ် ။ လုံးဝမဟုတ်
လုံးဝ ( လုံးလုံးဝဝ ) မဟုတ် ။
အရက်သောက်နေတာပါ ။ အရက်သောက်  နေတာ
အရက်ကိုသောက်နေတာ ။ အရက်ကို ဒီလို
သောက်နေတာ  ဒီလို
ရင်ဘတ်မြည်ဟီး စည်ကြီးတီးလို့ ဒီလို
တရစ်ပြီးတော့
တရစ်စိန်တရစ် မြတရစ် သိကြားတရစ်
နတ်တရစ် ရဟန်းရှင်တရစ်
လူပြည်သူအများ တရစ်  ဗောဓိညောင်တရစ်
လက်စ်ဇပ်ကားတရစ်
ရုပ်လုံးပေါ် ။ ခရစ်စတယ်ဘောစခ ရင်ထဲမှာ  ပေါ်
ဖော- အစာအိမ်အူလမ်းကြောင်းအတွင်း သွေးထွက်ခြင်း
ဖောဖော - ခြေဖဝါးမို့မို့မောက်မောက်
ပင့်ကူ လက်တံတွေ လှုပ်ခတ်
'ရှော' ဘိုင့်ဘိုင့် ။ နှစ်ရက်သုံးရက်လောက်ကျန်ရစ်သူတွေ
တပတ်  တစ်လ လွမ်းဘို့ မောပန်းသွားပြီ ။
(မည်သူတစ်စုံတစ်ယောက်မှ အထိအခိုက်မရှိ
မတ်သနော အပြည့်တင်ဆောင်လာသော ဟူးမင်းန်းဗိုက်ဗုံးကြီး
အောင်မြင်စွာ ပေါင်းစုအငွေ့ပျံ
ကားတွေစီ အမြန် သုတ်ခြေတင်ကြလေပြီ ။)
ရှေ့မှာ နောင်မှာ အရင်ကတည်းက
အတိအကျ ၊ ဟုတ်ရဲ့လားကွ သံဝေဂ 



ရေးသူ လူဆန်း

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။