Monday, April 19, 2010

မှို



စိတ်ဟာ ငါးရှဥ့်ဖမ်းရသလိုလို
ထိလိုက် မိလိုက် လွတ်လိုက် ပျောက်လိုက်
လွန့်လွန့်ပြီး ရုန်းချင်ယောင်ဆောင်မိတယ် ကျွန်မ
တစ်သက်လုံးတန်ဖိုးထားသိမ်းထားမိတာ နောင်တရလိုက်တာ
ဒလဟော သွန်သွန်ကျ ဒူးမခိုင်တာ
ဒူးထောက်ချင်လို့တော့မဟုတ် သတ္တိရှိရင်ရှေ့ထွက်ခဲ့လိုက်
သေနတ်သေနတ်ချင်း
လက်သီးလက်သီးချင်း ဘာသာစကားဘာသာစကားချင်း
လုံးထွေးသတ်ပုတ် ရိုက်ခွဲချလိုက်ဖို့
ပိတ်ကားထက်က ကျန်စစ်မင်းဟာ
လှံကြီးကိုင်လို့ မြင်းကြီးစီးလို့
ကျွံ . ကျ . လာ
ရုပ်ရှင်ကြည့် ပရိသတ်ရှေ့ ရှက်ကိုးရှက်ကန်းဖြစ်ပြီး
မြင်းကြီးကို ဗိုလ်ချုပ်လမ်းအတိုင်း ဒုန်းစိုင်းသွား ဟာ ဟ
လှံက ကျွန်မ
ရှေ့မှာ လှံတကာ့လှံထဲမှာ ခေတ်အဆက်ဆက် လှန်ခဲ့ကြတဲ့
လှံဘယ်နေရာမှသံချေးမတက်သေး
ပိတ်ကားထဲမှာလည်း မင်းကြီးအစား ဆာဒူးကြီးရောက်
နေ ရယ်လိုက်ရတာ မဏိစန္ဒာ ဘယ်တွေရောက်
ကုန်ပြီလဲ ဇာတ်လမ်း ဇာတ်ကွက်တွေ အကွက်ရိုက်ထားတဲ့ ဇာတ်တွေ
အဲဒါကြောင့် အစကတည်းက မယုံပါဘူးလို့ပြောနေတာ
နေပါဦး ပြောရင်းဆိုရင်း ညတုန်းက
ကြည့်တဲ့ ဇာတ်လမ်းက အာရုံထဲပြန်ဝင်လာ
မှိုအကြောင်း အသေးစိတ် ကျကျနန ရိုက်ထားတာများလေ ကလေးကစားစရာ
စပီကာသေနတ်လိုမှိုကနေ သင်္ကြန်အမြှောက်လို တဖုန်းဖုန်း မှိုအထိ
ပြောင်းမတိုက်တာကြာလို့ ကျည်မထွက်ချင်သလိုလို
ဆန့်တငင်ငင် မှိုကနေ နောက်ဖေးလမ်းကြား မိလ္လာပိုက်ပေါက်သလို
တရွှဲရွှဲ တစိုစို မှိုအဆုံး ပူအိုက်စိုစွတ်တဲ့ ပထ၀ီမှာ ပေါက်လေသမျှ
မှို မျိုးစိတ် မျိုးကွဲ မရဲတရဲ မသဲမကွဲ
ဖြူတူတူ မဲတဲတဲ
အို … စုံလို့ပါပဲရှင် ကြည့်ရင်း
ကြည့်ရင်း အနုပညာဟာ ကျွန်မကို ၀င်ပူးတယ်ဆိုရမလား
ဝင်စားတယ်ပဲပြောရမလား
ရွှဲရွှဲစိုစိုနဲ့ ကျွန်မကိုယ်တိုင် ဇာတ်လမ်းထဲရောက်နေ (သွား) သလိုလို
မိုးထဲရေထဲက မင်းသမီးဟာ ကျွန်မကိုယ်တိုင်ဖြစ်နေတယ်လို့
အိပ်တဲ့အခါမှာ “ကောင်းတယ် …. ကောင်းလိုက်တာ” အိပ်မက်ဟာ
ကာလာအစုံအလင်နဲ့ HD ရုပ်ထွက်နဲ့ စစ်ချီတက်သလို ခွာသံတဖြောင်းဖြောင်း
နောက်ခံတေးနဲ့ … “ ကျွီ …. (တံခါးဖွင့်သံ) ..
မမရေ … ထတော့လေ မနက်စာစားချိန်ရောက်နေပြီ
ညီမလေး မှိုဟင်းချက်ထားတယ် …”
မှိုဟင်းဆိုတဲ့အသံကြောင့်ပဲ တစ်ကိုယ်လုံး နုံးခွေ ပင်ပန်းနေတာပျောက်သွားတယ်
မှိုက ကျွန်မအကြိုက်ဆုံးပဲလေ
မနက်ခင်းဟာလည်း ခပ်ယိုင်ယိုင် နေရောင်ခြည်ကြောင့် နွေးနွေးလေး
ဖြစ်နေတယ် ဘယ်လောက်များကောင်းလိုက်သလဲ
နွေးနွေးထွေးထွေး မနက်ခင်းနဲ့ ကျွန်မအကြိုက် မှို နံနက်စာ ….


ကြက်သွန်

1 comment:

  1. အဲဒီမှိုကို ကြက်သွန်နဲ့သာ ရောချက်စားလိုက်ပါတော့ တဏှာပေမ ထိတိုင်းရှတဲ့ ကဗျာဆြာဂျီးတွေရေ။

    (သစ်ကောင်းအိမ်ကိုတော့ အားနာပါရဲ့)

    ReplyDelete

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။