Thursday, April 8, 2010

စာနာခြင်းသစ်ပင်

ဘ၀အကြောင်းစာလုံးပေါင်းတဲ့အခါ
ငါ့နာမည်ပါပါစေ။
အခက်အခဲတစ်ခုကြုံတိုင်း
စိတ်ညီသူတွေ အတူတစ်ကွ
လက်တွဲကြတဲ့အခါ
ငါ့အမည်ကိုစာရင်းထဲထည့်ပါ…။

ဆောင်းရာသီတောလမ်းကလေး
ယုန်ကလေးပြေးဆော့ရာ
အမည်မရှိပန်းတွေဖူးပွင့်ရာ
ကျောက်တုံးတွေအကြား
ရေဟာလျှေကျစီးဆင်းရာ
အဲဒီနေရာ
လမ်းလျှောက်ထွက်ရင်
ငါ့ကိုအရင်ဆုံးဝင်ခေါ်ပါ။

စားစရာနည်းနည်းပဲရှိလို့
ကလေးတွေအတွက်ခွဲဝေဖို့
ဝေစုကိုလျှေ့ချဖို့လိုရင်
ငါ့အမည်စာရင်းကိုအရင်တင်သွင်းပါရစေ။

သူခံစားမှုကိုသူမသိတော့တဲ့
အဘိုးအိုတွေ
မျက်စိလည်နေတဲ့ ကလေးသူငယ်တွေ
အနာရောဂါထူပြောတဲ့သူတွေ
သူတို့ဘက်မှာငါဟာအမြဲရှိနေပါစေ။

ညတစ်ရေးလန့်နိုးတဲ့
မိဘမဲ့ကလေးတစ်ယောက်ဟာ
ငါ့အမည်ကိုအရင်ဆုံးသတိရပါစေ

ဘယ်သူဟာအထီးကျန်သူလဲ
သူဟာညအခါ
ငါ့ကိုအိပ်မက်မက်ပါလေ။

ဥာဏ်ပညာ
ဗဟုသုတကြွယ်ဝသူတွေ
ရှေးဟောင်းနှောင်းဖြစ်များပြောကြတဲ့အခါ
နောက်ဆုံးမှာ
ငါ့အမည်ကိုရေရွတ်ပါစေ။

နှစ်တွေလွန်တော့
မေ့လျော့ခြင်းဟာ
ကမာမြေတစ်ခုလုံးကိုအတိပြီးအောင်
ဖုံးလွှမ်းသွားတဲ့အခါ
တစ်နေ့မှာ
ငါ့အမည်ဟာ
သစ်ပင်ကလေးတစ်ပင်အဖြစ်နဲ့
ကမာမြေပေါ်ထိုးဖေါက်လို့
အသစ်ရှင်သန်ပေါက်ရောက်လာပါလိမ့်မယ်။

မင်းဆွတ်ခူးနိုင်ဖို့ပါ..။

နေမျိုး
အိုင်ဒီယာ ဖေဖော်ဝါရီ ၂၀၀၆

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။