Monday, April 26, 2010

သေချာတွေးဖို့ရေးပေးလိုက်တဲ့ကဗျာ

သေချာတွေး . . .
စိတ်ကလေးတခုရဲ့ အလုပ်လုပ်ပုံဟာ
ဘယ်လိုဆိုတာ




သေချာတွေး . . .
မျက်စိတမှိတ်အတွင်း
လက်တဖျစ်စာအတွင်း
အဖြစ်ပေါင်း တသိန်း
အပျက်ပေါင်း အနန္တ ရှိတယ်ဆိုတာ


သေချာတွေး . . .
မလိုလားတဲ့လိုင်းတွေ မြင်တွေ့ရခြင်းကြောင့်
ဖြစ်ပေါ်လာတဲ့ ခံစားမှုဟာ
စစ်မှန်သလားဆိုတာ


သေချာတွေး . . .
ကိုယ်ယုံကြည်နေတဲ့ အမှန်တရားဟာ
ဘယ်နှစ်ဗီဇနာခံမှာလဲဆိုတာ


သေချာတွေး . . .
စာသားတွေဟာ အဓိကဇတ်ကောင်လား
စကားလုံးတွေဟာ အကောင်းဆုံး သရူပ်ဆောင်လားဆိုတာ


သေချာတွေး . . .
တည်ဆောက်ပုံဒီဇိုင်းအပေါ်မှာ
အသိတရားတခုထဲနဲ့
ဆင်ခြင်မှုဟာ
အဓိပ္ပါယ်တွေ လွဲမှား ပျက်စီးစေနိုင်တယ် ဆိုတာ


သေချာတွေး . . .
ဒီကဗျာဘာလို့ရေးလဲဆိုတာ  ။


MPM

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။