Saturday, April 10, 2010

အတူတူသွားဖို့ လိုလို့လား

ကိုယ် ဒူးနည်းနည်း ကွေးပေးရမလား

ကိုယ်ကို ထပ်ရို့ပေးရဦးမလား

ဒီအရောင်တွေကိုရောကြိုက်ပြီလား

မီးရောင်ကြီးက သိပ်ပြီးလင်းလွန်းနေမလား

အပေါ့အငံ ဘယ့်နဲ့လဲ

အသံအတော်ကျယ်သွားသလား

လည်ပင်းကြယ်သီး တပ်ရဦးမလား

ဝတ်ကောင်းစားလှ ၀တ်ခဲ့ရမှာလား

ဇွန်းကို ဘယ်လက်နဲ့ကိုင်မှလား

လိုအပ်မယ်ဆိုရင် ထပ်လျှော့ပေးပါဦးမယ်

ခြေနင်းသံမကြားရအောင် လျှောက်နိုင်ပါတယ်

ခင်ဗျားနောက်က လိုက်ခဲ့မယ်လေ

ရှေ့နည်းနည်း ထပ်တိုးလိုက်ရမလား

လူကြီးမင်းတို့စိတ်ကြိုက်

စိတ်တိုင်းကျအရသာ

ဘာကြီးပဲဖြစ်ဖြစ် ရပါတယ်

ခင်ဗျား ယူဘီစီလား ကလဲဗားလား တိုက်ဂါးလားခင်ဗျား

ဝတ်ရလွယ်ကူအောင် ကြိုးလျှော့ထားပါပြီ

ပြန်ဖျော်ပေးပါ့မယ်နော်

အဆင်မပြေရင် ပြောပါခင်ဗျာ

နဖူးပေါ်က ဆံပင်တွေကိုရော၊ တိပေးရမလား

ကိုကို့အကြိုက် ပျော့ပျော့စပ်ထားပါတယ်

ပါးပါးလေး ထပ်တင်လိုက်မယ်၊ ဟုတ်ပြီလား

အချိန်ကိုတော့ ညီလေးတို့ စိတ်ကြိုက်ရွေးပါ

ကျန်သေးတယ်

ဒီကဗျာဖတ်လို့ အဆင်ပြေရဲ့လား…။…။


မောင်ပြည့်မင်း

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။