Monday, April 19, 2010

လူအဖြစ်နေထိုင်ခြင်း

လူမှာ
အမြင့်က ပြုတ်ကျလာတဲ့ အိပ်မက်တွေနဲ့
ပယောဂလိုလို ၊ လူဝင်စားလိုလို ၊ နတ်ဝင်သည်လိုလို ၊
ဖုန်တောထဲက ထလာသလိုလို ၊ ကျောက်အောင်လာသလိုလို ၊
ကားပွဲစားလိုလို ၊ အိမ်ပွဲစားလိုလို ၊ လူကုန်ကူးသလိုလို ၊ စိန်ပွဲစားလိုလို ၊
သူတောင်းစားလိုလို ၊ ဘ၀င်မြင့်နေသလိုလို ၊ အောက်ခြေလွတ်သလိုလို ၊
သိန်းထီပေါက်သလိုလို ၊ ဖင်နဲ့ကြမ်းကပ်နေသလိုလို ၊ အလိုတူသလိုလို ၊ တရားစွဲချင်သလိုလို ၊
အဆင့်မြင့် ပုဂ္ဂလိက ဆေးရုံကြီးတွေမှာ တက်အိပ်ချင်သလိုလို ၊အုတ်ဂူလှလှလေးနဲ့
သေချင်သလိုလို ၊
မထူးတော့သလိုလို ၊ လှဲချပစ်သလိုလို ၊ ကွဲရှချင်သလိုလို ၊ တော်လှန်လိုလို ၊ မော်ဒန်လိုလို ၊
လေလိုလို ၊ ၀မ်းလိုလို ၊ သွေးတိုးချင်သလိုလို ၊ ကျချင်သလိုလို ၊ စိတ်မချသလိုလို ၊
လက်မ ,နေသလိုလို ၊ ဆင်ဦးစီးလိုလို ၊
ယဉ်မှုးကြီးလိုလို ၊ ဘီယာတစ်ခွက်သယ်လာသလိုလို ၊ အလောင်းမ , လာသလိုလို ၊ ငိုသလိုလို ၊
ရယ်သလိုလို ၊
ကလေးလိုလို ၊ ခွေးလိုလို ၊ ငါသိသလိုလို၊ ငါတတ်သလိုလို ၊ အပုတ်လိုလို ၊ အရုပ်လိုလို၊
လိုလိုလိုဂို
လိုက်လာနေတဲ့ ကမ္ဘာမှာ
အပျက်ဘ၀စီးရာ
အပျက်ဘ၀လို လိုက်လာနေတဲ့ ကမ္ဘာ  ။



ဟိန်းမြတ်ဇော်

( Exit Poetry ထုတ်  "နာမ်"ကဗျာစာအုပ်မှ)

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။