ခင်ဗျားလွှတ်လိုက်တဲ့လူ ရောက်လာတယ်
စာအိတ်ပေါ်မှာ စာပြန်ရေးပေးလိုက်တယ် ။
ခင်ဗျားလွှတ်လိုက်တဲ့လူ ရောက်လာတယ်
သူ ခင်ဗျားမှာတာတွေ ပြောပြတယ်
လမ်းစရိတ်ပေးပြီး ပြန်ခိုင်းလိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တယ်လို့ ပြောတဲ့လူ ရောက်လာတယ်
သူ့ လွယ်အိတ်ထဲက ထုတ်ပေးတယ်
သူ့လွယ်အိတ်စုတ်နေတာ ပြန်ချုပ်ပေးလိုက်တယ်
ခင်ဗျားလွှတ်လိုက်တာလို့ ထင်ရတဲ့လူ ရောက်လာတယ်
သူ တစ်ခုခုပြောဖို့ ကြိုးစားတယ်
သူ အသံထွက်လာဖို့ ကြိုးစားတယ်
သူ့ကျောကို ပုတ်ပြီး ခေါင်းညိတ်ပြလိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့လူ ရောက်လာတယ်
သူ ကျေနပ်သွားအောင် စကားဖောင်ဖောင်နဲ့ ဧည့်ခံလိုက်တယ်၊
ခင်ဗျားလွှတ်လိုက်တဲ့ ဟိုငနဲ ရောက်လာတယ်
အရက် တိုက်လွှတ်လိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့ ကောင်လေး ရောက်လာတယ်
အားပေးစကားပြောလိုက်တယ်၊ ဂုဏ်ပြုလိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့ ဆရာကြီး ရောက်လာတယ်
"ကိုယ့်လူက ဆရာကြီးလား" လို့ ဖြုတ်ချလိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့ ဆိုက်ကား ရောက်လာတယ်
သွပ်ပြားဟောင်းတွေ လိပ်တင်ပေးလိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့ ပိတောက်ပင်ကြီး ရောက်လာတယ်
သစ်ပင်ခုတ်တဲ့လူအိမ်ကို လမ်းညွှန်လိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့ မီးဆရာ ရောက်လာတယ်
သူ ဆက်မစောင့်နိုင်လို့ ပြန်သွားတယ်
ခင်ဗျားလွှတ်လိုက်တဲ့ မုန်တိုင်း ရောက်လာတယ်
"ဓား ဟဲ့ ဓား" ဓားထောင်ပြလိုက်တယ်
အဲ့ဒါ ခင်ဗျားလွှတ်လိုက်တဲ့ လူတွေ အကြောင်း အတိအကျပဲ ။
မောင်ပြည့်မင်း
No comments:
Post a Comment
ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။