ချစ်သူက တနေ့နှင်းဆီတဖူးပန်တယ်
ကျနော်က တနေ့ စီးကရက်တဗူးသောက်တယ်
ကျနော်တို့ရဲ့ စုဗူးတွေ အသံတိတ်သွားတဲ့နေ့မှာ
အမေ့ ပိုက်ဆံအိတ် ခြေရာလက်ရာပျက်ခဲ့ရတာပါ ။
အမေက ကျနော့်လက်ချက်မှန်း သိတဲ့အခါ
ပိုက်ဆံအိတ်ကို ဖွင့်ထားပေးတယ်ဗျာ
ပွင့်နေတဲ့ ပိုက်ဆံအိတ်ထဲက ခိုးရတာ
ကိုယ့်အရည်အချင်းကို စော်ကား သလိုပါပဲဗျာ
အဲ့ဒါနဲ့ . . . . .
ကျနော် စီးကရက်ဖြတ်ပြီး နှင်းဆီစိုက်ဖို့လုပ်တယ်
ချစ်သူက နှင်းဆီအစား ဘဝတခုပဲ ပန်တော့မယ်လို့ပြောတယ်
ကျနော့်ဘဝကို ရဲရဲကြီးစိုက်ချပေးလိုက်တယ်
အဲ့ဒါတောင် အမေ့ပိုက်ဆံအိတ် ပွင့်နေတုန်းပဲ ။ ။
သုအိုင်စံ
( သိုးထိန်း မှ မျှဝေပါသည် )
ကြိုက်တယ်...မျှဝေ ပေးတာ ကျေးဇူး....
ReplyDeletemie nge
အမေ့ ပိုက်ဆံအိတ်ကို အားနာလို့လား၊ ချစ်သူက ဖြတ်ခိုင်းလို့လား၊ ဆေးလိပ်ပြတ်သွားတာက :)
ReplyDeleteဝေမျှတာ ကျေးဇူးပါ။
ReplyDeleteကောင်းလိုက်တာ..လိုရင်းကို နိမိတ်ပုံလေးနဲ့ပဲ ပြောသွားတယ်..
ReplyDeleteမိဘမေတ္တာရယ် ၁၅၀၀ ရယ်...။