Monday, August 30, 2010

မော်လမြိုင်သွား ...

လက်ဝါးတွေရိုက်လိုက်ကြတာမှ ဖျောင်းကနဲ



ဆေးပြင်းလိပ်ကိုဟန်ပါပါခဲလို့



လွတ်လပ်မှုလေထုထဲ ထိုးခွဲမထွက်ခင်မှာတင်



အဲဒီကားနောက်ဖုံးကိုဖွင့်ပြီး အစစ်ဆေးခံခဲ့ရသေးတာပေါ့



" စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ် "



ဘယ်ကိုကွေ့မယ်ဟေ့ ... ပြီးရင်



ညာကိုကွေ့မယ် ... လူမိုက်တွေဟာ



သူတို့ထက်မိုက်တဲ့သူဆီဦးတည်လို့



ဘယ်ကွေ့ ... ညာကွေ့ ... ဘယ်ပြန်ကွေ့



သည်းသည်းမည်းမည်းမိုးထဲ ငါတို့သည်းသည်းမည်းမည်းဦးတည်ထားရာ မော်လမြိုင်



ဝီရိယမကောင်းတဲ့ လက်ဖက်ရည်ဆိုင်တွေနဲ့မြို့



ကျောတွေကိုခဏဖြန့်ခင်းလိုက်တယ်



မြစ်ကိုဖြတ်လာတဲ့လေဟာ ဘယ်မိန်းမရဲ့ချိုင်းချွေးနံ့နဲ့မှမတူဘူး



အသွေးအသားတွေကို ခက်ရင်းနဲ့ထိုးကော်ခံလိုက်ရတဲ့ မနက်စာ



ဘယ်လောက်များပူစပ်ပူလောင်နိုင်လိုက်သလဲလို့



ခဏနေတော့ ... ကျုံ့ကျုံ့လေးထိုင်နေတဲ့ မော်လမြိုင်ကို



အထက်စီးကကြည့်ပြီးပြန်ခဲ့ကြ



မော်လမြိုင်ကတော့ အတ္ထရံပုခက်ထဲ ငြိမ့်ငြိမ့်လေးလွှဲလို့ ကျန်ရစ်ခဲ့



အဲဒီနေ့က ၂၉ ရက်၊ ၈ လ၊ ၂၀၁၀။







ကြက်သွန်

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။