Friday, June 25, 2010

နောက်ထပ်အမျိုးအမည်မသိယာဉ်တစ်စီး

အမှန်တော့ အဲဒါဟာစူးစမ်းရှာဖွေရေးသမားတွေရဲ့ အပြစ်ချည်းတော့မဟုတ်ဘူး
ပထမဆုံးတွေ့ရှိသူက ၂၀ရာစုအလယ်ပိုင်းသား
တောင်ပေါ်မြို့လေးက စက်ပြင်ဆရာတစ်ဦးပါ
သူက ဆံပင်အရှည် မုတ်ဆိတ်မွှေးအရှည်နဲ့
ဝပ်ရှော့ဝတ်စုံကို အမြဲတစေ၀တ်ဆင်ထားတတ်သူလို့ဒေသခံတွေပြောပြပါတယ်..။
နောက်တော့ ပဟေဠိတစ်ခုလိုအဲဒီမြို့ မှာကျန်ခဲ့တယ်
သူ့ကိုနာဆာက ခေါ်ယူသွားသလို ပင်တဂွန်ကပဲ ထိန်းသိမ်းထားသလို
အထူးအေးဂျင့်စ်တွေက ပဲ အစဖျောက်လိုက်သလို...
ယာဉ်ရဲ့ ထူးခြားချက်က အခြား အမျိုးအမည်မသိယာဉ်တွေလို
ရပ်နားထားတဲ့နေရာမှာ မီးကျွမ်းထားတဲ့ စက်ဝိုင်း
ဒါမှမဟုတ်လေးထောင့်လက်တံသုံးချောင်းထောက်ပုံစံမျိုး
မြေပြင်မှာ ထင်ရှားတွေ့ရတာမျိုးမရှိဘူး..
အဲဒီအချိန်မှာ စစ်အေးက အရှိန်ရနေတော့
တောင်ပေါ်မြို့ကလေးမှာ.. ထောက်လှမ်းရေးတွေ ခြေချင်းလိမ်ကုန်တယ်
တခြားဂြိုလ်တွေပေါ်မှာနေထိုင်တဲ့ သက်ရှိတွေနဲ့ ဆက်သွယ်ရန်ကြိုးပမ်းချက်တွေဟာ
လူသားတွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ စတီဖင်ဟော့ကင်း
သတိပေးစကားဆိုနေပါတယ်…။
ဈေးကွက်ဘောဂဗဒသမားတွေကတော့
ရူပဗေဒပညာရှင်ရဲ့ စကားကို နားဝင်မှာမဟုတ်ပါဘူး..
အဲဒီယာဉ်ကို ပြန်လည်လေ့လာဖို့ နှစ်ပေါင်းသုံးဆယ်ကြာပြီးမှာဆုံးဖြတ်ချက်ချလိုက်တယ်
သမ္မတနစ်ဆင်က အဲဒီယာဉ်ပျံနဲ့ စစ်ရေးပြဖို့ နှစ်ကြိမ်တိတိကြိုးစားခဲ့တယ်လို့
အတည်မပြုနိုင်တဲ့ သတင်းတွေက တချို့ကဆိုပါတယ်..
ဘာလင်တံတိုင်းပြိုကျချိန်မှာ ဂိုဘာချော့ခ် အိပ်ပျော်နေပါတယ်
စီအိုင်အေ အဲဒီအချိန်အထိ ၁၇နှစ်ကြာအောင် အရှေ့ ဥရောပမှ
အေးဂျင့်စ်တစ်ယောက်မှမရှိဘူးလို့ ၀န်ခံခဲ့ရတယ်
နှစ်ဘက်စစ်တပ်တွေက လှိုဏ်ခေါင်းတွေ ဖောက်နေမယ့်အစား
တံတိုင်းကြီးဖြိုချလိုက်တာပဲ အေးပါတယ် ဆိုပြီး လုပ်လိုက်တာပဲ
တရုတ်ပြည်က အနူမြူလက်နှက် ပိုင်ဆိုင်တယ်လို့မကြေငြာခင်မှာ
နောက်ထပ် အမျိုးအမည်မသိယာဉ်တစ်စီးထပ်တွေ့ သလိုပြောဖြစ်ကြသေးတယ်
တောင်ပေါ်မြို့ ကလေးကို လူစိမ်းတွေ ထပ်ရောက်လာတယ်
အများစုက သုတေသနသမားတွ .. သိပံပညာရှင်တွေ..
သူတို့က စက်ပြင်ဆရာတစ်ယောက်များ တွေ့မိသလားလို့ တောင်ပေါ်မြို့ကလေးမှာလိုက်ရှာနေကြတယ်…။


မိုးလှိုင်ည

3 comments:

  1. အားထိုက်June 26, 2010 at 3:32 PM

    လာရောက်အားပေးသွားပါတယ်ခင်ဗျာ....

    ReplyDelete
  2. မိုးလှိုင်ညရဲ့ ဒီကဗျာလို အရေးအသားမျိုး နောက်ထပ်စောင့်ဖတ်ချင်ပါသေး။

    ReplyDelete
  3. စတီဖင်ဟော့ကင်းက ရူပဗေဒနိုဘယ်ဆုရှင်... မဟုတ်ဘူးလေ.. အခြေခံအချက်အလက်တွေ သိအောင်လုပ်ပြီးမှ ကဗျာရေးရင်ပိုကောင်းမယ်။

    ReplyDelete

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။