ထုံးဖြူဖြူတွေနဲ့တားထားတဲ့ လေးထောင့်ကွက်ကြီးထဲ
ငါတို့ မိနစ်ကိုးဆယ်စာရောက်လာခဲ့ပြီြး
ငါတို့တစ်ကိုယ်စာအရိပ်ရဖို့
တစ်ခက်လောက်စီတော့ချိုးခဲ့ဖူးကြ …
ငါတို့ဟာ တစ်ခါသုံးကတ်တွေ
ခဏခဏပြောင်းသုံးနေရတဲ့ ဟန်းဆက်လို
သံသရာရှည်လှပြီ
စိတ်မညစ်ပါနဲ့
ဒီရထား ဒီဘူတာဆိုက်လို့မှ
ငါတို့မကြုံရင်
ကံကိုသာအပြစ်တင်လိုက်
အဆင်ပြေတဲ့အခါကျတော့လည်း
ကိုယ့်ဒူးကိုယ်ချွန် ဘယ်သူဘယ်ဝါပေါ့
အရည်မရ အဖတ်မရ
ရေလိုက် ငါးလိုက်
ဘယ်သူ့နဖူးကိုမှ သိုက်မတူးချင်
ပျင်းရိလေးတွဲ့
ရက်ရက်စက်စက် စစ်ကားတစ်ကားလောက်ကြည့်ချင်လာ
စီးကရက်တစ်လိပ်လောက် ရှိုက်ချင်လာ
အဲဒီလို နေ့ဟာကုန်မြန်
ညမှာလွမ်းမော
စောစောထ၊ သွားတိုက်
မျက်နှာသစ်၊ အိပ်ယာသိမ်း
အစာစား၊ ရေချိုး
၂၃ ၁/၂ံ တိမ်းစောင်း
နေကိုလှည့်ပတ်
လတစ်စင်းခြံရံလျက်ရှိသော
ဆက်တင်အဟောင်းကြီးပေါ်
သေမြေကြီး ရှင်ရွှေထီး
ငါတို့စိတ်ဦးတည့်ရာ
တဖိတ်ဖိတ်လက် အိပ်မက်အကောင်းစားများ
စီးဆင်းလျှက်ရှိ … ။ ။
ကြက်သွန်
No comments:
Post a Comment
ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။