တောင်တွင်းကြီးက ကြီးတော် တော်တော်ဆိုး
[ ဖြစ်ရပ်မှန် စုံထောက် ကဗျာ ]
တစ်နေ့ ကျွန်ုပ်နှင့် ကျွန်ုပ် မိတ်ဆွေ ဆာအာသာရွှေဥသိင်္ခတို့ ပျင်းပျင်း ရှိလှသဖြင့် တစ်ယောက်ခေါင်း ကို တစ်ယောက် အပြန်အလှန် သန်းရှာကြရာ သန်းမကြီး ခြောက်ကောင်ခန့် ဇီဝိန်ခြွေပြီးချိန်တွင် ထိုပုဂ္ဂိုလ်ကြီး ရောက်လာတော့သည် ။ အနှီ ပုဂ္ဂိုလ်ကြီးမှာ နှယ်နှယ်ရရ မဟုတ် ၊ တစ်ခေတ် တစ်ခါက ဘာဆိုလားပဲ ဆိုသည့် ကဗျာအကျော်အမော်ကြီး ဖြစ်၏ ။ ၎င်း ပုဂ္ဂိုလ်ကြီးနှင့် ကျွန်ုပ်မိတ်ဆွေတို့ အပြန်အလှန် စကား ပြောကြပုံမှာ အင်မတန်ဂေါ်လှသဖြင့် ကြားဝင်တည်းဖြတ်ခြင်းမပြုတော့ပဲ အော်ရဂျင်နယ် အတိုင်း ကဗျာ အဖြစ် ရေးသားတင်ပြလိုက်ပါသည် ။
ဆာအာသာရွှေဥသိင်္ခ - “ဘဲကြီးပြော . . ဘာတွေရှော့ခ်တက်လာလို့လဲ”
ကဗျာကဝိကြီး - “သားကြီးရေ ကိုယ့်အဖြစ်ကတော့ သားကြီး မှမကယ်ရင် ဆိုဖွယ်ရာမရှိ ဖြစ်နေပြီ”
ဆာအာသာရွှေဥသိင်္ခ - “ဆိုပါဦး”
ကဗျာကဝိကြီး - “ကိုယ့်အဖြစ်ကတော့ ဆန်းလိုက်တာမှ နိုင်းလောက်ရှိမယ် သားကြီးရေ ” ဒီလိုကွ .. “ ကိုယ်က ညတိုင်းလိုလို အနည်းဆုံးကဗျာတစ်ပုဒ်လောက် ဆွဲ ပြီးမှ
အိပ်တယ်ကွာ အခုနောက်ပိုင်း ဘာဖြစ်သလဲဆိုတော့ ညဘက် ကိုယ်ရေးထား
တဲ့ ကဗျာတွေက မနက်ရောက်ရင် စာအုပ်ထဲက ပျောက်ပျောက်သွားပြီး စာ
စာမျက်နှာ အလွတ်ကြီးပဲ ကျန်ခဲ့ရော အလားတူပဲ ကိုယ့် ဦးနှောက်ထဲမှာလည်း
အဲ့ဒီ ပျောက်သွားတဲ့စာလုံးတွေကို လုံးလုံး ပြန်စဉ်းစားလို့ မရပြန်ဘူး” ။
ဆာအာသာရွှေဥသိင်္ခ - “ ဟာ ” . . “ဘဲကြီးတို့ကတော့ကွာ တွေ့လိုက်မှဖြင့် အဆန်းတွေကြီးပဲ”
ကဗျာကဝိကြီး - “ အဲ့ဒါကြောင့် ပြောတာပေါ့ကွာ သားကြီးမှ မကယ်ရင် ကိုယ့်ဘဝ ဒိုးရတော့မယ်
လုပ်ပါဦးကွာ”
ဆာအာသာရွှေဥသိင်္ခ - “ အိုကေလေ . . . ဒီလိုဆိုတော့ ဘဲကြီးအိမ်ကို အရင်သွား ချက်ကြတာပေါ့ ပြီး
တော့မှ ဆွဲစရာရှိတဲ့ ဇယားတွေ ဆက်ဆွဲကြတာပေါ့ မဟုတ်ဘူးလား ”
ပြောပြောဆိုဆိုနှင့် ကျွန်ုပ်တို့ မိတ်ဆွေကြီး ဆာအာသာရွှေဥသိင်္ခ နှင့် ကဗျာကဝိကြီးတို့သည် တစ်ယောက်ခါး တစ်ယောက်ဖက်ကာ ကျွန်ုပ်၏ ရှစ်လွှာ အထပ်မှ အောက်သို့ ဆင်းသွားကြလေတော့သည်
သူတို့နှစ်ယောက် ထွက်သွားသည့် အခါ ကျွန်ုပ်၏ အခန်းလေးသည်ပြန်လည် တိတ်ဆိတ်သွား ပါတော့သည်။
ကျွန်ုပ်မှာလား ကျွန်ုပ်မိတ်ဆွေကြီး ပြန်လာမည့် အချိန်ကိုသာ ဝရန်တာတွင် ထွက်၍ လည်တဆန့်ဆန့် မျှော်နေမိ၏ ။ [ စုံစမ်းပုံ စုံစမ်းနည်း အပြည့်အစုံကို ဝါခေါင်လထုတ် Yes or No မဂ္ဂဇင်းတွင် ဖတ်ရှု နိုင်ပါသည် ]
သဗ္ဗေသတ္တာ သုခိအတ္တာနံ ပရိဟရန္တု
မြေမှုန်လွင်
No comments:
Post a Comment
ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။