မီးမကူ နေပူမှာမကင်အားလို့ မြို့နဲ့ အမှောင်ဟာ တစ်နေ့တခြား ပိုနီးလာနေသလား။ လွမ်းပြီး သိပ်ခံစားနေမှာပဲလို့လည်း နားလည်ပါတယ်။ လေထဲက တဖွဲဖွဲလွင့်ကျလာမှာ ငါပဲလား။ သူကြီးတွေ သူမကြီးတွေ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ ခေါင်းထဲက နံရံကို ကဗျာက ဖန်ဆင်းခဲ့တာလား သုစိပုဘာ။ တိတ်တိတ်ဆိတ်ဆိတ်လေ တဂျစ်ဂျစ်မြည်လေ။ တချိန်က မင်းခပ်ဖွဖွခူးခဲ့တဲ့ဖက်စိုကြီး မဟာဒုက္ခတွင်းဆုံးကျပြီလား။ ခေါင်းငိုက်စိုက်အတွေးတွေ မရှိချင်တော့ဘူး။ ငါ ကုတ် / ခြစ် / စီး / ကျ နေတာ ဘယ်သူမှ မသိဘူးလား။ မင်းရယ်သံလေးတွေဟာ လောကဓံရဲ့ နာကျင်မှုဖြစ်ကြောင်း ငါသိခဲ့တယ်။ မနက်ခင်းထဲ ငါ ထ စကားပြောနေခဲ့သလား။ ကျွန်မ မလွမ်းတတ်တာကိုတော့ ရှင်စိတ်မဆိုးပါနဲ့။ ကျောက်တောင်များကို စာသားများက ရိုက်ဆော်ညှင်းနေခဲ့သလား။ မုန့်လုံးနဲ့ စက္ကူကို အစားထိုးဖို့ အသုံးဝင်ကောင်းဝင်နိုင်လိမ့်မယ်။ တီတီတာတာနုရွလှပကနေ အဆင့်ဆင့် ဖြစ်ပေါ်တိုးတက် တာတွေရှိခဲ့တာလား။ ဒီလိုပဲ သူတို့ သူတို့ ဒီလိုပဲ။ မီဂါစီးတီးမြို့ ကြီးထဲမှာ တစ်လက်မမှမဆုတ်ချင်တဲ့ ကဗျာစာကလေးအိမ်ကလေးတွေ ကွန်ကရစ်လောင်းခံလိုက်ရတာလား။ ဖြတ်သန်းစီးဆင်းမှုမှာ အရေးကြီးတဲ့ ခေါင်းစဉ်တစ်ခုအဖြစ် မှတ်သားထားပေးပါ။ တောင်ပေါ်လမ်းကွေ့ကနေ စိတ်ကိုတွန်းဖွင့်ပြီး ရေကြည်မျက်နုရာတွေရဲ့ ပဟေဠိကို ခံစားနေတတ်ပြီလား။ ငါထင်တာ ကျွန်မ ရှင့်ကို အလေးအနက် ထားပါတယ်။ တုံ့ပြန်ပုံထူးခြားတဲ့ ကြွက်သားတွေကို ထိန်းကျောင်းလို့မရသေးသမျှမှာ တစ်နေ့ပြီးတစ်နေ့ အဖျားတက်ပြီးနေရုံနဲ့ ဘ၀ဟာ ခေတ်နဲ့ အတူစီးဆင်းနိုင်ပါ့မလား။ သစ္စာတရားဟာ သူ့အကြောင်းသူ အောင်မြင်စွာမပြောကြားနိုင်ခဲ့ဘူး။ အိပ်ရာအောက်မှာ နှစ်လုံးပြူးသေနတ်တစ်လက်နဲ့ ထူခြားတဲ့ဆက်ဆံရေးတစ်ခုထဲ ချောင်ပိတ်မိနေခဲ့သလား။ လိုအပ်တဲ့အခါ ကဗျာက ရထားဖြတ်တုန်း နှင်းတွေဝေနေတာ။ ဘုရားသခင်…ခင်ဗျားရင်ထဲ လိင်မှုကိစ္စတစ်ကြောင်းထဲမှာ အသက်ကို နှုတ်ယူသည်အထိ မီးတွေတအားလင်းနေသလား။ ကျွန်တော်တို့က ထွက်ခွာသွားနှင့်ပြီ။ သန်းတစ်ထောင်ထဲမှာ ချိုမြိန်ခြင်း ခွင့်လွှတ်ခြင်းတွေကို မကြိုးစားနိုင်ဘူးလား။ အဖွဲ့အစည်းနဲ့ လွှမ်းမိုးခြင်းကပ်က အကြမ်းဖက်သမားလို စေ့စပ်တယ်။ မုတ်ဆိတ်မွေးထားတဲ့ ဘာသာဗေဒတွေ ရှင်သန်နေကြတော့ လွယ်လွယ်နဲ့ နားမလည်လည်း တွေ့ရှိချက်တိုင်းဟာ ဘယ်တော့မှ အလဟဿ မဖြစ်စေရဘူး သိလား။ ခင်ဗျားရဲ့ လေဟာနယ် အသိုင်းအ၀န်းထဲက သမားရိုးကျဗြောက်အိုးတွေရဲ့စိတ်ကို ဖွင့်လှစ်ကြည့်ဖို့ကတော့ တိတိကျကျ တစ်ပြားမလျှော့ ကွက်လပ်ထားလိုက်ပါကြောင်း။
သိုးထိန်း(အန္တိမ)