Wednesday, April 6, 2011

သက်ဆိုင်ရာ ရှားပါးတိရိစ္ဆာန်များ တိုးချဲ့ပြသသွားရန်

အရှည်၅ပေ ကျော်ကြီးဟာ

တူနာငါးများ အစားထိုးလာနိုင်သည့် ပဲကို

နျူစွမ်းအင်သုံး ၀ါးလုံးတန်းတွေမှာ

စိုက်ပျိုးမှု မြှင့်တင်လျက်ရှိပြီး

အချောသတ် အသံသွင်းယူမှုများ

နည်းနည်းရက်ကြာလာတော့

တိုင်းရင်းသားရိုးရာ ဘေးကင်းဇုန်များ

အိမ်ထဲတွင်သာ နေရမည့်ဇုန်များ

လေကြောင်းဆိုင်ရာ ၀င်ခွင့်တားမြစ်ဇုန်များ

ငလျင်ဇုန်များ

ဆူနာမီဇုန်များ

မဟာသင်္ကြန်ပွဲတော်ဟိုတယ်ဇုန်များ

တစ်ကောင်ပြီးတစ်ကောင် ဇုန်ချဲ့ရေးအတွက်

ရေလေး ခံတွင်းစိုရုံ လိုက်ခံပြီး

လုပ်ဆောင်စရာ မလိုသေးကြောင်း

တချို့လည်း ရိက္ခာနည်းနည်းကျန်တယ်

ရက်နည်းနည်းကြာလာတော့ ရှိတဲ့ရေလေးတွေ

သောက်ရငြားအတွက်

အတွက်အရေကစားမဏ္ဍပ်များ

စနစ်တကျလှိုင်းတွေကြီးပြီး

ဖောင်ချည်ကြိုးတွေ မခံနိုင်တော့ရင်

ဘယ်ကိုဦးတည် ပြုတ်ထွက်ရမှန်းလည်း မသိတော့ဘူး
တချို့လည်း ရိက္ခာမရှိ၊ ရေမရှိနဲ့ မျောနေတယ်

ယင်းဖြစ်စဉ်အရ ဗုဒ္ဓဟူးဂြိုဟ်သည် ကမ္ဘာနှင့် ၅၄ ဒသမ ၆၉ သန်းကွာဝေးပြီး

နက္ခတ်တာရာကြည့်မှန်ပြောင်းနဲ့ ကြည့်မယ်ဆိုရင်တော့

အစေ့ကြီးတယ်…အလေးချိန်မစီးဘူး…

အပင်ကြပ်ပြီး မိုးမိရင် ရိုးမည်းစက်ရောဂါ ကျတတ်တယ်…

ရာသီဒဏ်မခံဘူး…ဒေသခံထက် ဈေးကလည်း လျော့တယ်…

စသည့် မလိုလားအပ်သည့် ပို့ကုန်ကန့်သတ်မှုများဟု

မထူးခြားတာထဲက ထူးခြားမှုတစ်ရပ်လို့

ဆိုလာကိုစတာ အမည်းစက်အနေနဲ့ မြင်တွေ့ရမှာပါ

ဒီနှစ်မှာတော့ လေထုထဲမှာ တိရိစ္ဆာန်သတ္တိကြွမှု

ပျံ့နှံ့တဲ့ အကျိုးဆက်အနေနဲ့ မြေကြီးပေါ်တောင် အိပ်ကြရပါတယ်

ထူးခြားမှုများ အပြင်ဘက်ရှိ ရွာတစ်ရွာတွင်

ပဲပုပ်သည် အစေ့သေး၍ အလေးချိန်စီးလျက် ဥတုဒဏ်ခံပြီး

တစ်ရာသီကာကွယ်ဆေး နှစ်ကြိမ်ခန့်နှင့် ဖြစ်ထွန်းပါတယ်

 

သိုးထိန်း (အန္တိမ)

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။